Chapter 239:တကယ်တော့ သူမကိုခေါ်သွားဖို့ သူ့မှာ ဆန္ဒမရှိခဲ့ပေ။

843 69 5
                                        

အဆိုပါ ရေခဲခေါင်းတလားထဲက လှပတဲ့အမျိုးသမိးဟာ Ye Hongfengဆိုတာ သေချာသည်!

Gu Xijiuဟာ ရုတ်တရက် အရင်က သူကြားဖူးခဲ့သည့် Long siyeသည် အနှစ်3000ပုံရိပ်‌
ယောင်နည်းကိုရှာနေခဲ့သည်ဆိုသည့်စကားအချို့ကို ပြန်စဉ်းစားမိသည်-  ဒါဟာတ‌ယောက်ယောက်ကို ပြန်နိုးထစေနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ရောင်ချည်ပါနေတဲ့ပုံပဲ။

ဒိအချိန်မှာ, အရှင်သခင်Longဟာ Long Xiမှန်း သူမ မသိခဲ့ရင် ဒါဟာ သူမအတွက် ဘာမှအဓိပ္ပါယ်ရှိမည်မဟုတ်ပေ။

ခေတ်သစ်ကမ္ဘာမှာ,သူတို့နှစ်ယောက်လုံး သေဆုံခဲ့ကျပြိးပြိ၊အကြောင်းက သူမရင်ဘက်ကိုခွဲ၍ နှလုံးအစားထိုးခွဲစိတ်ဖို့ စနေခဲ့ပြိးတာတောင်မှ သူ့နှလုံးကို Ye Hongfengက လက်ခံမရခဲ့သောကြောင့်ဖြစ်သည်။ဒါ့ကြောင့်  Ye Hongfengရဲ့အချိန်မတိုင်မှီသေဆုံးခဲ့မှုဟာ သွယ်ဝိုက်သောအားဖြင့် သူမမှာလည်း တာဝန်ရှိပေသည်။

Long siyeရဲ့ လက်ကောက်ဝတ်မှာ‌မေပယ်ရွက် ပုံစံရှိသည့်သွေးနီရောင်ကျောက်စိမ်းလေး တွဲလွဲကျနေသည်ကိုမြင်ပြိနောက် ,သူမ မကူညိချင်ဘဲ ပျက်ရယ်ပြုမိသွားသည်။

သူတို့အရင်ဘဝတုန်းက,သူ့ချစ်သူအတွက် သူမ၏နှလုံးကိုထုတ်ယူရန် သူမကိုအပြင်သွားရန် ခေါ်ထုတ်ရဲခဲ့တဲ့သူပဲ၊ ဒါဆို အခုကရော သူမကို ဘာလို့ကြိုးစားပမ်းစားအရေးတယူလိုအပ်နေခဲ့တာလဲ?ရုတ်တရက်,Gu Xijiuအဖြေကို စဉ်းစားမိသွားသည်! သူက ပုံ‌ရိပ်ယောင်ဆေးပင်အတွက် ဒါကိုလုပ်နေခဲ့တာပဲ!

သူမသည် နေရာ‌ရွေ့ပြောင်းအတက်ဖြင့်  လေလံပွဲကျင်းပနေသည့်အခန်းထဲမှ ထွက်ခွာလာခဲ့သည်,ဒါကြောင့် သူမ ဘယ်ကိုသွားမယ်ဆိုတာ ဘယ်သူမှမသိ‌နိုင်ပေ။သို့သော်, ဒါဟာ Long siyeအတွက် သူမမှန်းသိသာစေသည့် အချက်တွေထဲက တစ်ချက်ဖြစ်နေခဲ့သည်!!အဆုံးစွန်အားဖြင့် ရုပ်ပြောင်းရုပ်လွဲအတက်နှင့် နေရာပြောင်းအတက်ကို တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ခဲ့သူဟာ သူမသာဖြစ်ခဲ့သည်မဟုတ်လား။

Gu XiXiသည် သူ့ကို လေလံပွဲရဲ့အချက်အလက်တွေကို အတော်အတန်ထိပြောပြခဲ့တာမို့ သူ့ရဲ့ထင်မြင်ယူဆချက်တွေကို လှုပ်နိူးလိုက်သလိုဖြစ်သွားသည့်အပြင်  ပုံရိပ်ယောင်ဆေးပင်ဟာသူမဆိမှာရှိတယ်ဆိုတဲ့အချက်ကိုပါပေးလိုက်သလိုဖြစ်သွားခဲ့သည်။သူဟာ အဲ့လိုယူဆချက်တွေကို ထွေးပိုက်ပိး တောင်တန်းတွေဆိ ထွက်ခွာလာခဲ့ပြိးနောက် Feixing တိုင်းပြည်ဆိသွားကြည့်ခဲ့သည်!

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Место, где живут истории. Откройте их для себя