Chapter 233:သဝန်တိုနေတာပဲဖြစ်ရမယ်!

998 102 10
                                        

Long Siyeက,"ကိုယ်ခုပဲ သွားယူလိုက်မယ်."

သူက ခြေနှစ်လှမ်းစာလောက်လှမ်းပြိးနောက် ရပ်လိုက်ပြိး Gu Xijiuကို  စိုးရိမ်စွာလှည့်ကြည့်လေသည်။သတိထားမိတဲ့ Gu Xijiuက ,"စိတ်မပူပါနဲ့ ကျွန်မ ရှင်နဲ့အတူသွားမယ်။"

သူမ ထလိုက်တဲ့ချိန်မှာ လက်တစ်ဖက်က သူမလက်ကောက်ဝတ်ကိုတင်းကျပ်စွာ ဆုပ်ကိုင်လာသည်.Di Fuyiက ပြုံးလျက် ,"အရက်ပုလင်းလေး တစ်ပုလင်းသွားယူတာကို လူနှစ်ယောက်ကြိးမလိုပါဘူး".

Gu Xijiuသက်ပျင်းချမိသည်။ဒါ သဝန်တိုနေတာပဲ။ဒိတစ်ခါ Di Fuyiက သူမလက်ကိုအရမ်း တင်းကျပ်စွာဆုပ်ကိုင်ထားတာမို့ သူ့ကို ပထုတ်လို့ မရမှန်း သူမသိလိုက်သည်။သူမက သူမရဲ့လက်ကို ဝှေ့ရန်းပလိုက်ပိး,"အရှင်သခင်Long,ရှင့်ဘာသာပဲသွားယူလိုက်ပါတော့၊ဗိမာန်ဆရာZuoက ကျွန်မတို့နှစ်ယောက် အတူထွက်ပြေးသွားမှာကြောက်နေတယ်...."

Long Siyeသည် အသက်ကိုပုံမှန်ထိန်းရူလိုက်ပိးနောက် Di Fuyiကိုကြည့်ပိး,"သူမ အစစ်ဆေးခံမယ်လို့ သဘောတူပြိးပြိဆိုရင် မင်းဘက်ကမလိုအပ်တဲ့ပြသာနာတွေကို
မရှာသင့်တော့ဘူးလေ ဟုတ်တယ်မလား?"

Di Fuyiက လေးပင်စွာဖြင့်,"ငါ အခုထိသူမကို တစ်ခုခုလုပ်ဖို့ အစိအစဉ်မရှိသေးဘူး။ဒါပေမယ့် မင်းဆက်ပိး စကားများနေအုန်းမယ်ဆိုရင် ငါ့စိတ်ကိုပြောင်းရလိမ့်မယ်။"

Long Siyeသည် ဆက်မပြောတော့ဘဲ ချက်ချင်းပြန်လှည့်သွားခါ အခန်းကို ကျောခိုင်းထွက်ခွာသွားလေသည်။Gu Xijiuသည်Long Siyeရဲ့ကျောပြင်ကိုကြည့်ရင်း ဘာရယ်မသိတဲ့စိတ်ရူပ်ထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။ရုပ်ချည်းဆိုသလို အချုပ်ခံထားရသည့် သူမလက်ကောက်ဝတ်သည် ကျပ်သထက်ပိုကျပ်လာပိး နာကျင်လာသည်။Gu Xijiuသည် အတင်းရုန်းပိး အော်ပလိုက်သည်,"အရမ်းနာနေပိ..!"

Di Fuyiက ဖြေလျော့ပေးလိုက်ပေမယ့် လက်ကိုတော့လွတ်မပေးပေ,"ခလေးလေး,မင်းရဲ့သတို့သားရှေ့မှာ အခြားယောကျားတစ်ယောက်ကိုကြည့်နေတာ မကောင်းဘူးနော်။"

Gu Xijiuသည် စကားစစ်ထိုးလေသည်,"ရှင် ကျွန်မကို အရူး‌ထင်နေတာလား? ရှင်ပြောတဲ့မင်္ဂလာပွဲကအလိမ်အညာကြိးမှန်း ကျွန်မသိတယ်။"

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now