Chapter 234:သူသည် လုံးဝလျစ်လျူရူ့ခံခဲ့ရသည်

803 83 3
                                    

Di Fuyi ဆွံ့အသွားသလို Gu Xijiuဘာတွေ တွေးနေသလဲဆိုတာကို သူ မပြောပြတက်တော့ပေ။

မျှော်လင့်ထားသည့်အတိုင်း Long  Siyeက Gu Xijiuကို စိတ်မချတာမို့ အလျင်အမြန်ပြန်ရောက်လာသည် ၊သူသွားလိုက်တာ 2မိနစ်၊3မိနစ်လောက်သာကြာသည်.

သူက နီရဲရဲအရက်တွေအပြည့်ပါတဲ့ခရားအိုးကို စားပွဲပေါ်တင်လိုက်ရင်း ,"ဒါက လောကယစ်မူးပဲ၊ နှပ်ထားတာရာစုနှစ်များစွာရှိပိ ပြောရရင် ဒါဟာ ငါ့ရဲ့နောက်ဆုံးလက်ကျန်လေးပဲ။သခင်Di,ကျေးဇူးပြုပြိး လိုသလို သုံးဆောင်ပါ"။

ပြိးနောက် သူဟာ အခြားပုလင်းတစ်လုံးကို Gu Xijiuရှေ့ကိုချလိုက်သည်,"ဒါက မင်းကြိုက်တဲ့ ဝိုင်နီ".

Gu Xijiuအံ့အားသင့်သွားသည်,သူမ  ဝိုင်နီသောက်ရတာကြိုက်သည်။သူမ ဒိကမ္ဘာကိုရောက်ကတည်းက မမြည်းကြည့်ရသေးတာမို့ ခုချိန်မှာ သူမ သောက်လိုက်ချင်သည်။

ဝိုင်နီကို မျက်စိရှေ့မှောက်မှာတွေ့နေရတာမို့ သူမကျေနပ်မိသည် ,"အရောင် မဆိုးဘူး၊ သောက်ကြည့်တာပေါ့" သူမသည် သလင်းကျောက်နဲ့လုပ်ထားတဲ့ဝိုင်နီပုလင်းအဖုံးကို မဖွင့်ရသေးခင်မှာပဲ  လျှတ်တပျတ်ဆိုသလို ခရမ်းရောင် ဝတ်ရုံစက သူမရှေ့မှာ လွင့်လူးသွားပိး  သူမလက်ထဲမှ ဝိုင်နီပုလင်းဟာလည်း ပျောက်ကွယ်သွားလေသည်။(😂😂)

Gu Xijiuသည် အဲ့တာရဲ့တရာခံကို စိုက်ကြည့်လျက်,"ရှင် ဘာလုပ်လိုက်တာလဲ?"

သူမရဲ့ ဝိုင်က Di Fuyiရဲ့လုယူချင်းကိုခံလိုက်ရသည်၊သေစမ်းးးး, သူမ အနံ့လေးတောင် မခံလိုက်ရဘူး!

Di Fuyiက သူ့လက်ကောက်ဝတ်ကို အသာအယာလှည့်လိုက်ချိန်မှာ ရုတ်တရက်သူ့ရှေ့မှာ ကျောက်စိမ်းအိုးတစ်လုံးပေါ်လာသည်။သူက အဲ့တာကို Fu Xijiuရှေ့ထားလိုက်ပိး,"မင်းက ကလေးပဲရှိသေးတယ် ဒါကြောင့် မင်းသောက်လို့မရဘူး။ဒါကသာ မင်းနဲ့ သင့်လျော်တာ."

ထိုကျောက်စိမ်းအိုးထဲမှာ အနံ့အရသာပြည့်စုံလှပိး ချိုမြလှသည့် သစ်သိးဖျော်ရည်တွေပါသည်။ပြောစရာမလိုအောင်  ကလေးတော်တော်များများကြိုက်တက်သည့် ပုံစံမျိုးဖြစ်သည်။သူ့လို ‌ဂုဏ်သရေရှိကြိးက ဒိလိုဟာကို ကိုယ်နဲ့မကွာအမြဲတမ်းထည့်ပိး သယ်သွားနေလိမ့်မယ်လို့Gu Xijiuလုံးဝ မထင်ထားခဲ့ပေ....

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now