Chapter 237:ကိုယ်နဲ့ မင်းရဲ့ပုံရိပ်ယောင်ကို ရေဆွဲထားတယ်

567 60 1
                                    

တောင်ထိပ်မှာ ဒိလောက်ထိအေးလိမ့်မယ်လို့ Gu Xijiuမသိခဲ့ပေ။‌ဒိကအ‌အေးဓာတ်ဟာဧဝရတ်တောင်နီးပါး အေးစက်လှသည်!

သူမအိတ်ထဲမှာ အခြားအဝတ်များရှိသော်လည်းထိုအဝတ်များဟာ ဆောင်းဦးရာသိအတွက်သာသင့်‌တော်သည်။အထူဆုံးမှာ  ဂျတ်ကပ်သာရှိသည်။သူမက ထိုဟာကိုဝတ်လိုက်ပေမယ့်လည်း  ခိုက်ခိုက်တုန် ဆက်အေးနေတုန်းပင်။

ဆန့်ကျင်ဘက်အနေနဲ့ Long siyeသည်လည်း ပါးလွှာသည့်အညိုရောင်ဝတ်စုံရှည်ကိုဝတ်ဆင်ထားပေမယ့် သူ၏အတွင်းအားမှာကောင်းမွန်လှသည်မို့ အအေးဒဏ်ခံ  နိုင်သည်။

Gu Xijiuက သူ့လက်ကိုကိုင်ခွင့်ပေးလိုက်ရင် သူ့ဆိက အနွေးဓာတ်ကိုစုတ်ယူလို့ရမည်ကို သိသည် သို့ပေမယ့် သူမမလိုချင်ခဲ့ပေ!။သူမက ဒိယောကျာ်းနဲ့ပတ်သတ်ရတဲ့ဆက်ဆံရေးမျိုးကို မလိုချင်ပေ။ကံကြမ္မာက တစ်နည်းနည်းနဲ့သူတို့ကိုအနေနိးစေမယ်ဆိုရင်တောင် သူမကတော့ ပါဝင်မပတ်သတ်ချင်တော့ပေ။ဒါ့ကြောင့် ရာသိဥတုဒဏ်ကိုသာ ရင်ဆိုင်ရန်ဆုံးဖြတ်ခဲ့ချင်းဖြစ်သည်။

Long siyeက သူမရှေ့မှာ ကျော့မော့စွာ လမ်းလျောက်နေခဲ့ပေမယ့် တကယ်တော့ သူကသာ သူမရဲ့ လှုပ်ရှားမူ့တွေကို အာရုံစိုက်မိနေသူဖြစ်သည်။သူ့မှာ ရှိသည့်အသံအာရုံခံစွမ်းရည်သည် ကောင်းလှသည်မို့ သူမ၏အသက်ရူသံပြင်းပြင်းကို ကြာနေရသည်။သို့သော်လည်း သူမက အရမ်းခေါင်းမာသူပိပိ သူ့ကိုလည်း အနားအလာမခံခဲ့ပေ။သူ့ကိုထိပိးမှရလာမည့်အနွေးဓာတ်ကိုလည်း သူမမလိုချင်ခဲ့ဘူး မဟုတ်လား။

"Xijiu,လာ ဒိကို!"သူက သူမဆိ နောက်တစ်ခါလက်ကမ်းပေးလိုက်သည်။Gu Xijiuသည်အလျင်အမြန်သူ့ကိုဖြတ်ကျော်လျောက်သွားပြိး သူပေးသည့်လက်ကို လျစ်လျူရူ့လိုက်သည်။သူမက ရေခဲနန်းတော်ဆိ ဦးတည်လျက် ,"အချိန်မဖြုန်းပါနဲ့တော့။ရှင် နန်းတော်ထဲကဟာကို ပြချင်နေတာမဟုတ်လား? လာ အထဲမှာ ပြောကျတာပေါ့"။

သူမ နန်းတော်ဝင်ပေါက်‌ရောက်ချိန်မှာ , Long siyeက ချက်ချင်းဆိုသလို သူမနောက်ဘက်ကနေ,"Xijiu,ကိုယ်မင်းကို ကိုင်ထားပေးမယ်၊အထဲမှာ ပိုအေးတယ်။ဝိညာဉ်စွမ်းအားမရှိပဲနဲ့ မင်း ဒိအအေးဒဏ်ကို မခံနိုင်မှာ ကိုယ်စိုးရိမ်တယ်".။

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now