Chapter 236:အဲ့တာ ဘာလဲ?!

535 57 4
                                    

ခဏတဖြုတ်အချိန်လေးအတွင်းမှာ သူမဟာ သူ့အနီးမှာရှိနေပေမယ့် တကယ်တော့သူမနဲ့ ဝေးကွာနေတုန်းပဲလို့ သူ့စိတ်မှာခံစားမိနေသည်။

ဒါ့အပြင် Di Fuyiကိုပါစဉ်းစားမိပြန်တော့ Long Siyeဟာ စိတ်ပျက်ခြင်းကြိးစွာဖြစ်သွားသည်။သူဟာ အင်္ကျီစအောက်မှာကျစ်ကျစ်ပါအောင်ဆုပ်ထားမိတဲ့လက်သိးကို ပြန်‌လျော့လိုက်သည်။ သူဟာGu Xijiuဘက်ကြည့်လိုက်ပိး သူမကို နောက်တစ်ခါပြန်ပိုင်ဆိုင်ဖို့ ကြိုးစားရန်ဟန်ပြင်လိုက်သည်,"Xijiu,ကိုယ်ဘယ်လိုခံစား‌နေရလဲမင်းသိတယ်မလားဟင်...."

"ကျွန်မသိတာပေါ့ ရှင်ဟာ အပြစ်သားပဲ။စိတ်မကောင်းဖြစ်တယ်ဆိုရင် ကိစ္စတစ်ခုနဲ့ လျော်ကြေးပြန်ပေးလိုက်ပါလား?"

"တောင်းဆိုချင်တာ ဘာလဲ?"Long siyeက အံ့ဩတကြိးမေးလိုက်သည်။

Gu Xijiuက နဖူးပေါ်က ရှေ့ဆံမြိတ်ကိုဖယ်လိုက်ပိး ပြောသည်" ကျွန်မနဖူးပေါ်က မွေးရာပါအမှတ်ကိုဖယ်‌ပေးနိုင်တယ်လို့ ရှင်ပြောခဲ့တာကျွန်မမှတ်မိတယ်။ကျေးဇူးပြုပြိး ဖယ်ရှားပေးနိုင်မလား?"

Long siyeက သူမရဲ့အမှတ်ကိုကြည့်ပိး ပြောသည်"အနီစက်လေးက အရောင်တော်တော်မှိန်သွားပိ ၊မွေးရာပါအမှတ်ရော သာမာန်အနီစက်ရော မဟုတ်ဘူး ကြည့်ရတာ စည်းပိတ်(ချိတ်ပိတ်)ထားတဲ့ပုံနဲ့တူတယ်....."

"စည်းပိတ်ထားတာ??"Gu Xijiuနည်းနည်းတုံ့ဆိုင်းသွားသည်,"အဲ့တာ ဘာကိုဆိုလိုတာလဲ?"

Long siyeက ,"မင်းရဲ့လက်ကောက်ဝတ်ကို တစ်ချက်ပြပါလား ကိုယ်အတည်ပြုကြည့်မလို့?"

Gu Xijiuက သူမလက်ကို သူ့ဘက်တိုးပေးလိုက်သည်။

Long siyeက သူမရဲ့သွေးခုန်နူန်းကိုစမ်းကြည့်ပိး ပြန်လွတ်လိုက်သည်။သူက သူမကိုကြည့်ရင်း,"မင်းကြည့်ရတာ တစ်ချို့သော ဝိညာဉ်စွမ်းအားတွေ ဖွံဖြိုးလာပုံပဲ၊မင်း မခံစားမိဘူးလား?"

Gu Xijiuက ငြိမ်သက်စွာ သူမကိုယ်တွင်းကိုအာရုံခံကြည့်လိုက်တော့ အံ့ဩသွားသည်။သူမရဲ့အစာအိမ်ထဲမှာ ထူးဆန်းတဲ့လေအချို့စိးဆင်းနေတာကို ခံစားမိသည်၊အဲ့ဒိလေရဲ့စိးဆင်းပုံဟာ သူမအသုံးပြုနေတဲ့ အတွင်း သဘာဝစွမ်းအင်နဲ့ နည်းနည်းကွာခြားနေသည်။အဲ့တာဟာ တော်တော်ပေါ့ပါးလွန်းနေသည်။သူမက နောက်တစ်ကြိမ် ပြန်စမ်းကြည့်ချိန်မှာတော့ ဘာကိုမှ မခံစားမိတော့ပေ။ဒါဟာ ဖြေရှင်းရမယ့်ပြသာနာတစ်ခုလို သူမကို အောင့်သိးအောင့်သက်ခံစားစေသည်။သူမလက်မလျော့နိုင်သေးဘဲ အာရုံခံကြည့်ရန် မျက်လုံးကိုပါမှိတ်လိုက်သည်။

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now