Chapter 235:သူ ဘယ်လို မှားနိုင်မလဲ?

903 105 9
                                    

"ဒါကို ရွှေစိတ်ညို‌ဆေးလို့ခေါ်တယ်။အနီရောင်က ပြင်ပခန္ဓာကိုယ်မှာသုံးလို့ရတယ်၊ အပြာကတော့ သောက်ဆေးအနေနဲ့ သုံးလို့ရတယ်။ဘယ်လောက်ပြင်းထန်တဲ့ဒဏ်ရာဖြစ်ဖြစ်ကိစ္စမရှိဘူး တစ်ခါသုံးလိုက်ပိးတာနဲ့ တစ်နာရိအတွင်း လှုပ်ရှားလို့ရတယ် ၊တစ်ရက်လောက်အနားယူပိးရင်တော့ လုံးဝ အကောင်းပကတိပြန်ဖြစ်သွားလိမ့်မယ်။"

"ဒါကလေ...?"

သူမကို Long Siyeက သူ့ရဲ့ ရတနာသိုလောင်ခန်းနဲ့ ရှားပါးပစ္စည်းအချို့စုထားတဲ့နေရာတွေကိုပြရန်  ခေါ်သွားခဲ့သည်။သူ့ဆေးတွေက ပြန်ကုသနိုင်တာ‌ရော၊သက်လုံတိုးစေတာရော၊ဆိုးကျိုးတွေကိုလည်းလျော့ချပေးတာရော.....အစရှိသဖြင့် အမျိုးစုံလှသည်။Long Siyeသည် ဉာဏ်အမျော်အမြင်ရှိသူ
ပိပိ ထို‌အဖိုးတန်ဆေးများကို  ငွေရောင်အိတ်ဖြင့် ထည့်ပိး Gu Xijiuလက်ထဲသို့ထည့်ပေးလိုက်သည်။

ဒါပေမယ့် သူမက လက်မခံခဲ့ပဲ, "အရှင်သခင်Long ,ရှင်ရှာနေခဲ့တဲ့လူဟာ ကျွန်မ မဟုတ်ဘူးဆိုတာ ရှင့်ကိုပြောခဲ့ပိးပိ". ပြိးနောက် သူမဟာ အခန်းထဲကပြန်လှည့်ထွက်သွားခဲ့သည်။

Long Siyeကတော့ နူတ်ဆိတ်နေခဲ့သည်။

ဖြေးဖြေးချင်းလမ်းလျောက်ပိး အပြင်သို့ သူထွက်လာခဲ့သည်၊အပြင်ရောက်တော့ Gu Xijiuက လက်ရန်းတစ်ခုရဲ့ဘေးမှာရပ်နေသည်။လေက ဖြည်းညှင်းစွာတိုက်ခတ်ရင်း သူမရဲ့ ဝတ်ရုံနှင့် ဆံနွယ်ရှည်များကို ဝေ့ရန်းနေသည်၊ထိုမြင်ကွင်းထဲက သူမဟာ လှပလွန်းနေသည်။

Long Siyeစိတ်ထဲမှာ အတွေးတစ်ခုရောက်လာသည်၊သူ ဘယ်လိုအမှားလုပ်မိလို့လဲဆိုတာကို သိချင်သွားသည်။သူက သူမရဲ့ ပင်ကိုယ်စရိုက်ကို ကောင်းစွာနားလည်တာမို့သူအမှားလုပ်မိရင်တောင် သူများတွေကိုပဲလုပ်မိလိမ့်မည် သူမအပေါ်မှာတော့ လုပ်မိလိမ့်မည်မဟုတ်ပေ!

Gu Xijiuသည် အပြင်ကိုတာဝန်ထမ်း‌ဆောင်ဖို့ ထွက်သွားတိုင်း  ပုံစံမျိုးစုံဖြင့် သွားလေ့ရှိသည် ဒါပေမယ့် သူ့ရှေ့မှာဆို သူမရဲ့ပုံစံအမှန်ကိုသာ ချပြလေ့ရှိသည်။

ကြည့်နေရင်းက Long Siyeရဲ့အကြည့်သည် သူမရဲ့ နဖူးဆိသို့ရောက်သွားသည်။မွေးရာပါအမှတ်က ခုဆို ပိုပြိးအရောင်မှိန်လာတာမို့ သူမသာ  အရွယ်ရောက်လာရင် အတော်ကိုလှပသည့်မိန်းကလေးဖြစ်လာလိမ့်မည်။

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now