Chapter 210:ရေခဲတုံးကို ဖက်ထားတယ်လို့ပဲ ယူဆထားယုံပါ!

1.1K 161 27
                                    

""မဟုတ်ဘူး".Gu Xijiuသည်လိမ့်ရင်းအလွန်မောဟိုက်နေသဖြင့်  ကယောင်ကတန်းပြောတယ်..."ကျွန်မရေခဲတုံးတစ်ခုကိုပွေ့ဖက်နေတယ်လို့ယူဆလိုက်ပါ့မယ်"

Di Fuyi ဒေါသထွက်ပြီးစကားမပြောနိုင်တော့ပေ။

Gu Xijiu ကိုဖယ်ရှားဖို့သူကသူ့အကျီစကို
ဝေ့ရမ်းလိုက်‌လေသည်...

ထိုအချိန်မှစ၍ Gu Xijiu သည်သူ့အနားမကပ်နိုင်တော့ပေ.

သူ့ပတ်လည်မှာအလွှာတစ်ခုရှိပုံရသည်, သူ့အနားကပ်ရန်ကြိုးစားသောအခါသူမအားတွန်းလှန်လိုက်လေသည်။

အခြားတစ်ဖက်တွင်လည်း အခန်းသည်မီးဖိုကဲ့သို့ပူနွေးလာပြိး၊ သူမသည်လည်းဝက်သားကင်နှင့်တူလာသည်။

နောက်ဆုံးတော့ သူမ အားကုန်ပီး မူးဝေလာသည်။

အခန်းအတွင်းမှအပူချိန်သည်ပုံမှန်အပူချိန်သို့ပြန်ရောက်သွားခဲ့သည်။ အဖြူရောင်လက်ကိုင်ပုဝါတစ်ခုသည်  Gu Xijiuရဲ့မျက်နှာပေါ်တွင် ချွေးများကိုစုပ်ယူရန်ရွေ့လျားနေသည်-- Di Fuyi သည်သူမမျက်နှာအားသုတ်‌ပေးနေလေသည်။

သူမနဖူးစည်းသည် ခေါင်းမှကျွတ်သွားပြီးရှည်လျားသောဆံနွယ်များသည်ကူရှင်ပေါ်တွင်တင်နေသည်။

ဆံပင်သည် သူမခန္ဓာကိုယ်မှ မူလအတိုင်းရှိနေတဲ့တစ်ခုတည်းသောအရာဖြစ်သည်။ဒါပေမယ့်လည်း သူမကအခုမှရေထဲက တက်လာသည့်အလား ချွေးများဖြင့်စိုချွဲနေသည်။

Di Fuyi ကသူမကိုခဏလောက်ကြည့်လိုက်ပြီး သူ့အကျီကိုသူမ၏ခန္ဓာကိုယ်ပေါ်သို့ဆွဲတင်လိုက်သည်။ သိသာထင်ရှားသည်မှာချွေးများဖြင့်‌စေးကပ်နေသောသူမအင်္ကျိသည်ခြောက်သွေ့ပြီးသပ်ရပ်လာသည်။ဒါပေမယ့် အရှေ့ပိုင်းတော့မပါပေ။သူမ အနည်းငယ်မူးဝေနေသေးသောကြောင့် အရှေ့ပိုင်းကို အနည်းငယ်ဖွင့်ပေးလိုက်သည်။အဲ့အချိန်မှာ ထင်တာထက်ပိုပွင့်သွားပြီး အထဲမှ အဖြူရောင်အသားကိုမြင်ရသည်အထိဖြစ်သွားသည်။

အစပိုင်းမှာ Di Fuyi ကဒါကိုရှောင်ဖို့ကြိုးစားခဲ့ပေမယ့် သူကသူ့အကြည့်တွေကိုသူမရဲ့ခန္ဓာကိုယ်ဆိပြန်ရွှေ့လိုက်ပြီးသူ့လက်ကိုဆန့်ထုတ်လိုက်တယ်။

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now