Chapter 224:သူက လူငယ်တစ်ယောက်ကို ခေါ်လာခဲ့သည်!

851 110 1
                                    

Gu Xijiuကို ပြန်ခေါ်နိုင်ဖို့ Long Siyeအနေနဲ့ အတော်ကြိုးစားခဲ့ရသည်။သူ့မှာရှိသမျှ သူလျိုတွေရော၊နောက်ယောင်ခံ‌လိုက်တဲ့ ငှက်တွေရော အကုန်သုံးခဲ့ရသည်။

သူ Gu Xijiuကိုရှာတွေ့ပြန်တော့လည်း သူတို့နောက်ကို Di Fuyiလိုက်လာမှာကို စိုးရိမ်ရသည်။ဒါ့ကြောင့် သူ့နောက်လိုက်တွေကို Feixingတိုင်းပြည်တစ်လွားမှာ သူမကိုဆက်ရှာနေဖို့ လျို့ဝှက်အမိန့်ပေးခဲ့သည်။ဒါ့အပြင် သူလုပ်နေကြပုံစံဖြစ်တဲ့ ရထားလုံးပေါ်မှာထိုင်ရင်း သူမကိုဆက်ရှာဖွေနေသကဲ့သို့ သရုပ်ဆောင်ရန် ပုံစံတူတစ်ခုကိုအစားထိုးခဲ့သည်။

သူခြေရာကောက်တွေးဆထားသမျှကို သက်ပျင်းရှည်ကြိးတစ်ခုနဲ့အတူ အကုန်ထုတ်ပစ်လိုက်သည်။သူသာ Di Fuyiနဲ့ မျက်နှာချင်းဆိုင်မတွေ့ခဲ့ဘူးဆိုရင် Di Fuyiအနေနဲ့ အခြားဘယ်လိုနည်းနဲ့မှ သူ့ကိုရှာဖွေနိုင်မည်မဟုတ်ပေ!

သို့သော်လည်း Di Fuyiသည် အရမ်းလျို့ဝှက်တက်သလို သူ့ပုံစံဟာလည်း ခန့်မှန်းရခက်သည်။Long Siye သည် သူနှင့်ပတ်သတ်ပိး ခေါင်းကိုက်ရလောက်အောင်ကို ဂရုတစိုက် ပြုမူနေရသည်။

နောက်ဆုံးမှာ သူ့နေရာကို လုံလုံခြုံခြုံပြန်ရောက်‌ခဲ့တော့မှပဲ သူစိတ်အေးသက်သာစွာ သက်ပြင်းချနိုင်တော့သည်။

Taiwenတောင်တန်းနား နီးလာတော့မှ သူ့သရုပ်မှန်ကိုထုတ်ဖော်ပြသခဲ့သည်။

သူ့လက်အောက်ခံအစောင့်ကင်းသမား
လေးယောက်သည် သူ့ကိုမြင်တော့  ကြိုးကြာငှက်များပေါ်ကနေအရိုအသေပေးရင်း ကြိုဆိုကြရန် အပြေးရောက်လာကြသည်,"ကြိုဆိုပါတယ် အရှင်သခင်".

ထို့နောက် သူတို့သခင်ဖတ်ထားတဲ့ အားနွဲ့နွဲ့ကောင်လေးကိုမြင်သွားကြသည်....

သူတို့မျက်လုံး ပြူးသွားသည်!

တကယ့်ကို မမျော်လင့်စွာပဲ သူတို့သခင်က တစ်စုံတစ်ယောက်ကို ဖက်ထားနေသည်..

အမြဲအားဖြင့် သူ့နားကို လူတွေလာတာကို မကြိုက်ခဲ့ဘူး မဟုတ်လား??

သူ့တပည့်တွေကို သင်ကြားပြသတဲ့အခါမှာတောင် ကိုယ်တိုင်လာလေ့မရှိပေ။အရေးပေါ်အခြေအနေမျိုးမှမဟုတ်ရင် သူကဘယ်သူ့မှထိချင်တာမဟုတ်ဘူး။

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now