Chapter 219:ဒိနေရာကို တစ်ယောက်ယောက် ဝင်ထွက်သလား!!!

824 106 7
                                    


Mo Yuyanက ဖော်ရွေစွာပြုံးပြရင်း,"ရှင့်ကို အနှောင့်အယှက်မဖြစ်စေချင်လို့ပါ။ဒါ့ကြောင့်, ကျွန်မ ရှင်နဲ့အတူလိုက်မလာခဲ့တာပါ"။

ဒိကောင်မလေးက လိမ်နေမှန်းသိသာလေသည်!သူသာ အနှောင့်အယှက်မဖြစ်စေချင်ရင် သူမနောက်ကို ဒိလောက်ထိလိုက်ကပ်နေမည်မဟုတ်ပေ။အမျိုးသမိးငယ်သည် Gu Xijiuကိုယ်တိုင် အပြင်ထွက်လာသည်အထိ အပြင်မှာစောင့်နေခဲ့‌သည်။

ဒါကိုကြည့်ခြင်းအားဖြင့် ဒုတိယအထပ်ဟာသူတို့ဝင်လို့မရတဲ့ တားမြစ်နယ်မြေမှန်းသိသာလေသည်.....

သူတို့နှစ်ယောက် ဒိထဲက ထွက်လာခဲ့သည်၊ပြိးနောက် Gu Xijiuက သူ့အတွက်စိစဉ်ပေးထားတဲ့ အခန်းဆိမပြန်သေးခင် နန်းတော်ထဲမှာလျှောက်သွားနေခဲ့သည်။သူမသည် Mo Yuyanဆိကနေ ရေချိုးခန်းသုံး အသုံး‌အဆောင်အချို့ကိုပါ ရခဲ့လေသည်။

ဗိမာန်ဆရာက Sir Guရဲ့တောင်းဆိုချက်တွေဟာ သင့်လျော်နေခဲ့မယ်ဆိုရင် ဘာကိုပဲ တောင်းတောင်း ဖြည့်ဆည်းပေးဖို့ သူတို့ကို အမိန့်ပေးထားခဲ့သည်။ဒါ့ကြောင့် Mo Yuyanက သူမလိုအပ်သမျှကို အလျှင်အမြန်ပြင်ဆင်ပေးခဲ့သည်။

Sir Guကရေချိုးချင်ခဲ့တဲ့ အချိန်မှာတော့ Mo Yuyanက သူ့ဘေးမှာ နေလို့မရတော့ပေ။ဒါ့ကြောင့် သူမကအပြင်ကိုထွက်ပြိးနောက် တံခါးကို အသာအယာပိတ်ရင်း အပြင်ကနေ စောင့်နေခဲ့သည်။

အထဲကနေ ရေသံတွေထွက်ပေါ်လာသည် ကြည့်ရတာ Sir Guကနှစ်နှစ်ခြိုက်ခြိုက်ကို ရေချိူးနေပုံရသည်။

သို့သော် Sir Guလိုချင်ခဲ့တဲ့ ရေချိုးကန်ထဲထည့်မယ့် အရာတွေက ထူးဆန်းနေခဲ့သည်,သူမလိုချင်ခဲ့တာတွေက ဆေးတို့၊ပန်းပွင့်တို့၊အမွှေးအကြိုင်လိုမျိုးတို့အပြင် အခြားမြောက်များစွာသောပစ္စည်းများပါဝင်နေခဲ့သည်။

Sir Gu ကလည်း ထူးဆန်းတဲ့လူတစ်ယောက်ဖြစ်ပုံရတယ်။

Mo Yuyanက ‌တိတ်တိတ်‌လေးခေါင်းကိုခါလျက် ထိုင်ချလိုက်ပိး တံခါးကို စောင့်ကြည့်နေလေသည်။

သူမက Gu Xijiuထွက်ပြေးလွတ်မြောက်သွားမည်ကို မကြောက်ပေ၊အကြောင်းမှာ ဗိမာန်ဆရာZuoက Fucangနန်းတော်ရဲ့ အဆောက်အဦးတိုင်းမှာ အစိအရင်များချထားသောကြောင့်ဖြစ်သည်။ဆိုလိုတာက အဆောက်အဦးထဲမှာ ရှိနေတဲ့လူဟာ မည်သည့် အစိအရင်ကိုမှ သုံးမရပေ။

အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now