Chapter 231:ငါတို့နဲ့အတူသောက်ပါ

730 90 5
                                    


သူမ ဘယ်လိုထွက်ပြေးရမလဲဆိုတာကို တွေးနေတုန်းမှာပဲ ,Di Fuyiက သူမလက်ကောက်ဝတ်ကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်ပိး သူ့ဘေးနားမှာထိုင်ဖို့ ဆွဲခေါ်လိုက်လေသည်."သိပ်ပိး အလျင်လိုမ‌နေပါနဲ့ ကိုယ်တို့နဲ့အတူသောက်ရ‌အောင် လာပါ."

ဒိတစ်ကြိမ်တွင် Long SiyeဘေးမှာDi Fuyiကထိုင်နေခဲ့ပိး Gu Xijiuက‌တော့Di Fuyiဘက်မှာထိုင်မိသွားသည် ။Long Siyeမျက်နှာအချိုး ပြောင်းသွားသည် သို့ပေမယ့် တစ်ခုပြောနိုင်တာက မရိုးမရွဖြစ်သွားသည့်သူ့စိတ်ကို အတော်ထိန်းထားပုံရမှန်းတော့ သိသာသည်။သူမတ်တပ်ရပ်မည်အလုပ်တွင် Di Fuyiက ဟန့်တားလိုက်လေသည်,"မပူပါနဲ့ ၊ငါ သူမကို ထိခိုက်အောင်မလုပ်ပါဘူး။ငါလုပ်သင့်တာကိုပဲ လုပ်မှာပါ".

"Gu Xijiuကိုလွတ်ထားဖို့ ပြောနေတဲ့ ငါတို့ရဲ့စကားဝိုင်းကို ဆက်လိုက်ကြရအောင်."Long Siyeက သူနဲ့ ပတ်သတ်နေတဲ့ အဓိက မေးခွန်းကို ကောက်ကာငင်ခါ မေးလိုက်သည်။

""အဲ့တာက ရှင်းပါတယ်။အခြေအနေနှစ်ခုထဲက ရွေးယုံပါပဲ။ ငါက ငါ့တာဝန်အတိုင်းGu Xijiuကို စမ်းသပ်မှုကိုကျော်ဖြတ်ခိုင်းမယ်။တကယ်လို့ သူမက ကောင်းကင်ဘုံရဲ့ကောင်းချိးကိုမရပဲ ကျရှုံးခဲ့ရင်တော့ အမှောင်သစ်တောကိုပို့ရလိမ့်မယ် ဒါပေမယ့် စိတ်ချပါ ငါ သူ့ရဲ့သိုင်းပညာကို မဖျတ်စိးပါဘူး ဒါက ပထမအချက်။ဒုတိယအချက်က ငါ မင်းရဲ့အပြစ်တွေကို အရှင့်ဆိ မတင်ပြတော့ဘူး ဒါဆို မင်းလည်းအပြစ်မခံရတော့ဘူး။ ဘယ်တစ်ခုကို မင်းရွေးချင်လဲ?"

Long Siyeက မဲ့ပြုံးပြုံးလိုက်ပိး ,"သူမရဲ့ ဝိညာဉ်စွမ်းအားက အရမ်းနည်းတာမို့ သူမ အမှောင်တောကနေ ဘယ်လိုမှမလွတ်နိုင်ဘူးဆိုတာ ငါတို့နှစ်ယောက်လုံးသိတယ်။ဒါ့ကြောင့် အဲ့အချက်ကို စဉ်းစားစရာကိုမလိုဘူး။အရှင့်ဆိ တင်ပြတာနဲ့ပတ်သတ်ပိးလည်း မင်းပူစရာမလိုဘူး ငါ့ဘာသာ ဝန်ခံပိး အပြစ်ကိုခံယူမှာ, ဒါ့ကြောင့် ဒိလိုဟာတွေကို ဒိမှာလာဆွေးနွေးနေစရာမလိုဘူး!"


Gu Xijiuသည် ဗိလိန်လိုလုပ်ရပ်မျိုးနဲ့တူတဲ့ Long Siyeရဲ့အကူအညိတွေကိုတစ်ခုမှမလိုချင်ခဲ့ပေ။ပြိးတော့ သူက သူမဘက်က ကာကွယ်ပေးလေလေ ဗိမာန်ဆရာZuoက သဝန်တိုလေလေဖြစ်လာမည် ဒိလိုဆို သူမသေရမယ်ဆိုတဲ့ကိစွကြိးကလည်း ပိုပိး အကောင်အထည်ပေါ်လာလိမ့်မည်။


အဆိပ်ပြင်းသော ကြင်ယာတော်(206 to ......MM Sub)Where stories live. Discover now