4. လက်ထပ်ရမယ်

2.2K 328 3
                                    

Unicode

လက်ထပ်ရမယ်


မစ္စစ်ကျိ စကားများကိုနားထောင်ပြီးနောက် ယန်ချုံးက မျက်နှာကျက်ကို ကျယ်လောင်စွာ ဝေါခနဲရိုက်လိုက်သလို အချိန်ကြာမြင့်စွာ သတိပြန်မဝင်လာဘဲပါးစပ်ကိုဖွင့်၍ စကားမပြောနိုင်ခဲ့ပေ ။

ကျိရှင်းလန်ရဲ့ စေ့စပ်ထားသူဖြစ်ရတာနဲ့တင် စိတ်ဆင်းရဲစရာကောင်းလောက်ပြီဟု ထင်ထားခဲ့တာ အခုအဆင့်ထပ်တိုးရမှာလား ?

မစ္စကျိ သူ့လက်ကိုဆုပ်ကိုင်ပြီး သူ(ယန်ချုံး) ပျော်နေတယ်လို့ထင်သွားခဲ့တယ် ။ "ရှောင်ချုံး မားက သားကိုအရမ်းချစ်တာ သိတယ္မလား။ မားတို့မိသားစုက သားကိုနှိပ်စက်မှာမဟုတ်ပါဘူး။ မားတို့က သားအတွက်အကြီးဆုံးမင်္ဂလာဆောင်ပြင်ဆင်ပေးမယ် ... "

ယန်ချုံးက ဘေးတွင်ရပ်နေသော ကျိရှင်းလန်ကို တစ်ချက်ကြည့်လိုက်သော်လည်း နောက်ဆုံးတော့ သူကမတုံ့ပြန်လာခဲ့ဘူး ။ ယန်ချုံးက ထစ်ထစ်အအနဲ့ ငြင်းဆိုခြင်းသာလုပ်နိုင်ခဲ့တယ် - ဒါ... ဒါကြီးကမသင့်တော်ဘူး

"အဲဒါကဘာမှားနေလို့လဲ ? မားတို့မိသားစုမှာပိုက်ဆံမလုံလောက်လို့လား ? မားတို့လိုအပ်တာက ချွေးမတစ်ယောက်ပဲ " မစ္စစ်ကျိက သူကယဉ်ကျေးတယ်လို့ ထင်ခဲ့တယ်။ သူမကသူ့လက်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး အားတက်သရောနှင့် သူရဲကောင်းဆန်စွာပြောခဲ့သည်။

ယန်ချုံးက ကျိရှင်းလန်ကို အကူအညီတောင်းဖို့ မျက်လုံးလွှဲလိုက်သော်လည်း ကျိရှင်းလန်က သူ့ကိုနားမကြားသလို မျက်နှာလွှဲသွားသည်။ သူကမလှုပ်မယှက်နဲ့ ရုပ်တုတစ်ခုလိုမျိုး စကားတစ္လုံးမွ မပြောဘဲတောင့်တင်းစွာရပ်နေခဲ့သည်။

သူက မစ္စကျိ ရဲ့တောက်ပတဲ့မျက်နှာ အမူအရာကိုကြည့်ပြီး သူမရဲ့ကောင်းမွန်တဲ့ စိတ်ခံစားချက်တွေကို ဖျက်ဆီးဖို့ရှက်ခဲ့ပေမယ့် အခုအရေးကြီးဆုံးကအိမ်ထောင်ရေးကို ရပ်တန့်ဖို့ဘဲ။ ငါမလုပ္ဘူး သူကအသံမာမာဖြင့်ပြောသည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now