55. လက်ထပ်စာချုပ်ကို သူ့မျက်နှာဆီ ပစ်ပေါက်လိုက်

565 56 1
                                    

Unicode

လက်ထပ်စာချုပ်ကို သူ့မျက်နှာဆီ ပစ်ပေါက်လိုက်

အနက်ရောင် Maybach ကားက သူတို့အား ခွဲဝေချထားပေးသော မြေအောက်ကားပါကင်နေရာ၌ ရပ်တန့်သွားခဲ့သည်။  ဘယ်ဘက်တံခါးပွင့်လာသည်နှင့်အမျှ ကျိရှင်းလန် ဆင်းလာပြီး တစ်ဖက်သို့သွားလိုက်သည်။

ယန်ချုံး ထိုင်ခုံခါးပတ်ကို ဖြုတ်ပြီးတာနဲ့ ခရီးသည်ဘက်ခြမ်းက တံခါးကပွင့်သွားခဲ့တယ်။

ကားထဲမှ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီး သူ့ကိုယ်အပေါ်ပိုင်းကို ကားထဲသို့ ကိုင်းချလာတဲ့ ကျိရှင်းလန်ကို မော့ကြည့်လိုက်သည်။သူ့လက်ကို ယန်ချုံးရဲ့ဘေးနားတွင် ထားထားလိုက်ပြီး လန်းဆန်းစေသော pheromoneများက သူ့တစ်ကိုယ်လုံးကို စွန်းထင်းစေခဲ့သည်။

ဒါကို ယန်ချုံး မြင်လိုက်တာနဲ့ ကျိရှင်းလန် က သူ့ကို ကျဉ်းကျပ်နေတဲ့ ကားထဲမှာ နမ်းချင်နေပြီး စိတ်လှုပ်ရှားစွာနဲ့ သူ့နှုတ်ခမ်းတွေကို လျှာဖြင့်လျက်ချင်နေတာပဲလို့ တွေးလိုက်တယ်။သူ့ခေါင်းကို အနည်းငယ်စောင်းလိုက်ပြီး နူးညံ့သော နှုတ်ခမ်းသား တစ်စုံရဲ့ပွတ်တိုက်မှုကို စောင့်မျှော်နေလေသည်။

ဒါပေမယ့် ကျိရှင်းလန်က လက်လှမ်းလိုက်ပြီး ယန်ချုံး၏ထိုင်ခုံခါးပတ်ကို ကလစ်တစ်ချက်နှိပ်လိုက်ပြန်သည်။

တခဏချင်းမှာပဲ ယန်ချုံးရဲ့ လည်ဇလုတ်က အထက်အောက်လှုပ်ရှားသွားခဲ့သည်။ အမောတကော တံတွေးမြိုချလိုက်ပြိး နားရွက်ထိပ်လေးတွေ အနည်းငယ်နီရဲလာခဲ့လေသည်။

'ဘာလဲ.......ဒါကဘာလဲ? ကျိရှင်းလန် က ကားထဲမှာချုပ်နှောင်မှုမျိုးကို ကစားချင်တာလား? '

သူ အပြင်ထွက်ပြီးသွားကတည်းက မူမမှန်တဲ့တစ်ခုခုဆကို တကယ်သွားနေတာလား?  သူသည် ဖြူစင်ပြီး ၊အဖြောင့် ကောင်လေးတစ်ယောက်ဖြစ်နေဆဲပဲ- သူက အလွန်ရှေးရိုးဆန်သူပဲ!


ယန်ချုံးက ကျိရှင်းလန် သူ့(ယန်ချုံး)ပခုံးပေါ်မှာရှိတဲ့ခေါင်းနဲ့ နွေးထွေးသော အသက်ရှုသံများဖြင့် စွဲမက်ဖွယ်ကောင်းသော ရနံ့များ ရောထွေးနေသည်ကို ခံစားနိုင်သည်။  အဲ့တာက ယန်ချုံး၏လည်ပင်းတစ်ဝိုက် စိမ့်ဝင်သွားပြီး ကလိထိုးနေသလို ခံစားလိုက်ရသည်။  ကျိရှင်းလန် ဘာတွေလုပ်နေလဲဆိုတာကို သူမသိဘူး။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now