54. ထိုအချိန်တွင်၊ ယန်ချုံးက ငယ်ရွယ်သော မိမိကိုယ်ကို မြင်လိုက်သကဲ့သို့ ခံစားလိုက

561 61 2
                                    

Unicode


ထိုအချိန်တွင်၊ ယန်ချုံးက ငယ်ရွယ်သော မိမိကိုယ်ကို မြင်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။


ယန်ချုံး အံ့အားသင့်သွားသည်။

'ဒီမေးခွန်းက ဘာလဲ။  ငါဘာလို့ ကိုယ့်ကိုကိုယ် သတိရနေဖို့ လိုတာလဲ ?'

[အဲ့တစ်ယောက်က ချောမောတဲ့ကောင်လေးပဲ ။  ဝမ်းနည်းစရာကောင်းလိုက်တာ။] လင်းဝေ ရဲ့ မက်ဆေ့ချ်က သူမ သက်ပြင်းချလိုက်သလိုပဲ။  [အဲဒါက ဟိုးအရင်ကတည်းက ဖြစ်ပျက်ခဲ့တာ။  နင်တော့ မသိလောက်ဘူး   ကျောင်းမှာ ပထမဆုံး စာရင်းသွင်းတဲ့နှစ်လို့ ထင်တယ်။]

ယန်ချုံးက လင်းဝေ ပြောတာကို နားထောင်ရင်း သူမရဲ့ ရှုထောင့်ကနေတစ်ဆင့် တင်းမာတဲ့အမူအရာမျိုး ရှိနေပါတယ်။

[ငါ အရမ်းမိုက်ခဲ့တယ်။ ယန်ချုံးက ကျိရှင်းလန်နဲ့  ကောင်းမွန်တဲ့ဆက်ဆံရေးမရှိတဲ့အကြောင်း ကောလဟာလတွေကြားရပြီး သူတို့က ပြိုင်ဘက်တွေလို့ထင်တယ် ] လင်းဝေရဲ့ နှုတ်ထွက်စကားများကို ဖန်သားပြင်မှ တဆင့် သူခံစားနိုင်သည်။

[ယန်ချုံးက အစကတည်းက ငါ့ကို ဆွဲဆောင်ဖို့ ကြိုးစားခဲ့ပြီး ကျိရှင်းလန် ကလည်း အဲဒါကြောင့် ငါ့အနားကို စကပ်လာတယ်။  ဒါဟာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာမဟုတ်ပေမယ့် အဲဒီ Alphaတွေကြားက ပြိုင်ဆိုင်မှုဆိုတာ ငါသိပါတယ်။] လင်းဝေက Alphaနဲ့ စကားပြောတာမဟုတ်လို့ သူမရဲ့ပုံရိပ်ကို ဂရုစိုက်နေစရာ မလိုဘူး။  [ဒါပေမယ့် အဲဒါက ဘာမှမဟုတ်ဘူး။ ကျိရှင်းလန် နဲ့ ချိန်းတွေ့နိုင်ရင် နင့်ရဲ့အတ္တကို အားကောင်းစေတယ် မဟုတ်ဘူးလား။  သူ ငါ့ကို မကြိုက်ရင်တောင် ထိုက်တန်ပါတယ်]

[သူတို့နှစ်ယောက်လုံးက ငါ့ကို စိတ်ဝင်စားမှုပြတဲ့အတွက် ကျိရှင်းလန် ကို မရွေးချယ်ခင် ခဏလောက် တွန့်ဆုတ်နေခဲ့တယ်။  ဒါပေမယ့် နောက်ဆုံးတော့ ဒီလူယုတ်မာကို ငါ့အဖြေကို ပြောပြတဲ့အခါ သူက ငါ့ကို ငြင်းပယ်ခဲ့တယ်!]

[အဲဒါက ထူးဆန်းတယ်လို့ ငါထင်ခဲ့တယ်။  သူငါ့ကို မကြိုက်ရင် သူဘာလို့ ငါ့ကို ပရောပရည်လုပ်ပြီး ငါ့ Terminal နံပါတ်တောင်းတာလဲ?  သူရူးနေတာလား? ဘာလဲ! ငါ ချိန်းတွေ့ဖူးတာ နှစ်အတော်ကြာနေပြီ ၊ သူ့လိုလူကို တစ်ခါမှ မတွေ့ဖူးဘူး၊ စည်းမျဥ်းအတိုင်းလည်း မလုပ်ဆောင်ဘူး!]

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now