7. ဖူးရောင်နေတဲ့ နှုတ်ခမ်းတွေ

1.9K 259 6
                                    

Unicode

ဖူးရောင်နေတဲ့ နှုတ်ခမ်းတွေ


ကျိရှင်းလန်က သူ့ရဲ့အဆင်မပြေသည့် မျက်နှာအမူအရာကိုကြည့်ပြီး သဘောကျသွားကာ ယန်ချုံးကိုသူ့ပေါင်ပေါ်သို့ တိုက်ရိုက်ဆွဲတင်လိုက်သည်။

ယန်ချုံးက လန့်ဖျပ်သွားပြီး အနည်းငယ်ရုန်းကန်ခဲ့ရသော်လည်း သူ့ကိုလုံးဝရှုံးနိမ့်အောင်မလုပ်နိုင်ခဲ့ဘူး။ သူသည်ခုခံတွန်းလှန်ခြင်းကိုသာ အရှုံးပေးလိုက်ပြီး စိတ်ကူးအိပ်မက်တွေ ပျောက်သွားတဲ့ ဆားငန်ရေထဲကငါးနဲ့တူတယ်။ သူက ကျိရှင်းလန် ရဲ့ပေါင်ပေါ်မှာ ခံစားလျက်မပေါ်လွင်စွာနဲ့ ထိုင်နေသည်။

ယန်ချုံး : ဘာမှမထူးခြားဘူး ... ┐ ( ̄ ヘ  ̄) ┌

ဘာပဲဖြစ်ဖြစ် သူကသူ့ကလေးကို ထိလိုက်တာပဲ! သူက ငါ့ကိုအခွင့်ကောင်းယူချင်တဲ့ပုံနဲ့မှ မတူတာ! ဟားဟားဟား...

ဒီနည်းကိုထိစရာအကြောင်း မရှိတာသေချာသော်လည်း ကျိရှင်းလန်က လေးနက်သောအမူအရာကို ဆင်မြန်ထားခဲ့သည်။ သူ့ရဲ့နွေးထွေးတဲ့ လက်ဖဝါးက ဝမ်းဗိုက်တစ်ဝိုက်ကို ညင်သာစွာလှည့်ပတ်သွားကာ ထူးဆန်းပြီး နွေးထွေးတဲ့ခံစားချက်ကို ချန်ထားခဲ့သည်။

ယန်ချုံး အနည်းငယ်အဆင်မပြေသလို ခံစားလိုက်ရသည်။ ကျိရှင်းလန်ရဲ့ ခေါင်းငုံ့ထားတဲ့ပုံစံကို ကြည့်လိုက်တော့ သူ့ရဲ့ရွှေရောင်ဆံပင်များက ယိမ်းနွဲ့နေပုံရသည်။ သူ့မျက်လုံးထဲတွင် ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာအလွှာတစ်ခုကရိပ်ခနဲ ပေါ်လွင်နေသည်။
ကလေးက သူ့ကိုယ်ပိုင်မဟုတ်ပေမယ့်လည်း ကျိရှင်းလန်က အလွန်စိုးရိမ်ပူပန်မှုကို ပြသနေပြီး အဲ့တာက ယန်ချုံး သူ့ကိုမသိတော့သလို ခံစားမိစေတယ်။ သူတို့ကပေါက်စီကို မျှော်လင့်နေတဲ့ လူငယ်စုံတွဲနဲ့တူပုံရတယ်။
ယန်ချုံး ကသူ့ရှေ့က Alpha လူငယ်လေး ဘာကိုတွေးနေလဲဆိုတာ ခန့်မှန်းလို့မရပေမယ့် သူအရင်ကတစ်ခါမှ မခံစားဖူးသော နွေးထွေးတဲ့မိသားစု ခံစားချက်တစ်ခုကို သူခံစားခဲ့ရသည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now