75 - ငါ့ရဲ့ ဘယ်အပိုင်းက မကောင်းတာလဲ?

150 20 0
                                    

Unicode

ငါ့ရဲ့ ဘယ်အပိုင်းက မကောင်းတာလဲ?


 ခရမ်းချဉ်သီးကဲ့သို့ နီရဲနေသော်လည်း၊ နောက်ဆုံးမှာတော့ ယန်ချုံးက နောက်ထပ်အနမ်းအနည်းငယ်အတွက် ကျိရှင်းလန် ၏ ကျိုးကြောင်းဆီလျော်မှုမရှိသော တောင်းဆိုမှုကို သဘောတူနေဆဲဖြစ်သည်။  ထို့နောက် ရှဲ့ယွီကို တစ်ညတာအတွက် အိမ်သို့ ခေါ်လာခဲ့သည်။

ရှဲ့ယွီ အထဲသို့ ဝင်လိုက်သည်နှင့် ကြောင်ကို ပွေ့ဖက်ရန် စိတ်အားထက်သန်စွာ သွားခဲ့သည်။ သူတို့က အားကစားပွဲအတွင်း အရင်အကြိမ် တွေ့ဆုံခဲ့ကြသော်လည်း လန်လန်လေးက သူ့ကို မမှတ်မိတော့ပုံရသည်။  ဒါပေမယ့် မိုက်မဲတဲ့စုံတွဲက ၎င်းကို လျစ်လျူရှုထားပြီး အိမ်ရှိ ၎င်း၏အဆင့်အတန်းကို လျင်မြန်စွာ ကျဆင်းသွားစေသောကြောင့်၊ အနည်းဆုံး တစ်စုံတစ်ဦးမှ ၎င်းကို အရေးပါမှု အနည်းငယ်ပေးသည့်အတွက် ကြောင်ကလေးမှာ ပျော်ရွှင်နေခဲ့သည်၊ အကြောင်းမှာ ဒီအရာက ယခုအချိန်မှာ ရှားပါးနေပြီမလို့ပဲ။


ဧည့်ခန်းကြမ်းပြင်ပေါ်တွင် ဝပ်နေကာ ကြောင်လေးနဲ့ရှဲ့ယွီက ကစားရင်း “ဒီလန်လန်က ဟိုလန်လန်ထက် အများကြီး ပိုကောင်းတယ်” ဟု မြည်တမ်းလိုက်သည်။

  သူစကားပြောနေစဉ် ကျိရှင်းလန် ချက်ပြုတ်နေသည့် မီးဖိုချောင်ကို တစ်ချက်လှမ်းရှိုးလိုက်သည်။သူ ယန်ချုံးကို ဂရုစိုက်ပေးကတည်းက သူ့ရဲ့ ဟင်းချက်တဲ့စကေးက ပိုကောင်းလာခဲ့ပါတယ်။  မီးဖိုချောင်မှ အသံတွေက သူတို့၏ စကားဝိုင်းကို တိမ်မြုပ်သွားစေသောကြောင့် ကျိရှင်းလန်က ရှဲ့ယွီ ပြောတာကို မကြားလိုက်ပေ။

“ဒီကောင်က ဟင်းကိုဘယ်လိုကောင်းကောင်း ချက်ရမလဲဆိိုတာကိုသိတာလား?” ရှဲ့ယွီ ခေါင်းကုတ်လိုက်သည်။  “သခင်လေးတွေက ဟင်းချက်စရာ မလိုဘူးလို့ငါထင်တယ်”

မီးဖိုချောင်ထဲက အသံတွေကို နားထောင်ရင်း ယန်ချုံးက အိမ်မှာတုန်းက ကျိရှင်းလန်ဟာ များသောအားဖြင့် ချက်ပြုတ်ချင်စိတ်မရှိပေမယ့် ယန်ချုံးအတွက်တော့ အမြဲချက်ပြုတ်ပေးလေ့ရှိတာကို သတိရမိသွားတယ်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now