13. ဒါဆိုနင်လည်း ကျိရှင်းလန်ကို ကြိုက်နေတာပေါ့

1.3K 219 0
                                    

Unicode

ဒါဆိုနင်လည်း ကျိရှင်းလန်ကို ကြိုက်နေတာပေါ့

ယန်ချုံးက ခံစားမှုမပေါ်လွင်ပေမယ့် သူ့နှလုံးသားက တဒုန်းဒုန်းခုန်နေသည်။သူကတိတ်တိတ်လေး တံတွေးမျိုချလိုက်ပြီး ပိုင်ယွမ်ယွမ် တစ်ခုခုကိုစဉ်းစားနေပြီလားလို့ တွေးမိခဲ့သည်။

ကျိရှင်းလန်ရဲ့ pheromones တွေ ပေါများလာတာနဲ့မတူဘူး ပြီးတော့ လူတိုင်းကအဲ့တာကို အရင်ကအနံ့ခံဖူးခြင်းမရှိပေ။မည်သို့ပင်ဖြစ်စေ ပိုင်ယွမ်ယွမ်က ဆက်လက်ခန့်မှန်းနေပုံရသည်။

မဟုတ္ဘူး၊ ငါဒါကိုအရင်က တစ်နေရာရာမှာ အနံ့ခံခဲ့ဖူးတယ်။ ကြည့်ကြည့်ရအောင်

ယခုအချိန်တွင် ယန်ချုံး မွာရွိတဲ့ အကြီးမားဆုံးကြောက်ရွံ့မှုမှာ တစ်စုံတစ်ယောက်က ကျိရှင်းလန်နဲ့ သူ့ရဲ့လျှို့ဝှက်သဘောတူညီချက်ကို ရှာဖွေတွေ့ရှိသွားမှာကိုဖြစ်သည်။ ဒီမိန်းကလေးဟာ အလွန်အကဲဆတ်တာကို သူသတိပြုမိခဲ့သည်။ သူနဲ့ကျိရှင်းလန်တို့က လက်ထပ်ထားကြပြီး အတူတူနေထိုင်ကြကာ သူကိုယ်ဝန်ရှိတယ်ဆိုတဲ့ အမွန္တရားကို သူမ ရှာဖွေတွေ့ရှိသွားခဲ့ရင် ယန်ချုံး အသက်မရှင်ချင်တော့ဘူး။

သူမရိုင်းစိုင်းသောမှန်းစမှုများမပြုလုပ်မီ ယန်ချုံးက လျင်မြန်စွာနဲ့ပင် ဒါကငါ့ရဲ့ pheromone ရေမွှေးအသစ်ဘဲ။ ဒီအနံ့ကကောင်းလား? လို့ကြားဖြတ်ပြောလိုက်သည်။

ဒီစကားကိုကြားတော့ ပိုင်ယွမ်ယွမ်က အမြင်မှန်ရသွားတဲ့ အမူအရာကို မဖော်ထုတ်မီ သံသယမျက်လုံးတွေနဲ့ သူ့ကိုကြည့်လာခဲ့သည်။ အိုး၊ မှန်တယ်၊ မှန်တယ်!

သူမက စားပြဲအံဆြဲထဲမွ ပန်းရောင်ရေမွှေးပုလင်းသေးသေးလေးကိုထုတ်ယူလိုက်ပြီး သူမလက်ထဲမှာအဲ့တာကို ဝှေ့ယမ်းပြလိုက်သည်။ "နင်ရောဒါကိုဝယ်ခဲ့လား? ကျောင်းရဲ့အိုင်ဒေါရဲ့ pheromonesလေ ! အောက်ထပ်ကစမ်းသပ်လေ့လာနေဆဲဖြစ်တဲ့ ဆေးဝါးဗေဒအတန်းက ငါတို့ရဲ့ညီမငယ်လေးအချို့က သူတို့ရဲ့ဓာတ်ခွဲခန်းထဲမှာ ဒီရောစပ်ထားတဲ့ဟာကိုပြုလုပ်ခဲ့တာ။အဲ့တာကိုကန့်သတ်ချက်နဲ့ ပုလင်းနှစ်ဆယ်ပဲထုတ်ထားတာ။ငါတစ်ပုလင်းကိုအမိအရဖမ်းထားတာ အခုထိမစမ်းရသေးဘူး! "

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now