62. ဒီကိုမြန်မြန်လာ

267 32 0
                                    

Unicode

ဒီကိုမြန်မြန်လာ


ယန်ချုံးက သူ့ပါးစပ်ကို မပိတ်ဘဲ ဒီလိုမျိုးအနမ်းကိုခိုးယူခံလိုက်ရသည် ။

သို့သော် သူသဘောပေါက်လိုက်သည်နှင့် နောက်ပြန်ဆုတ်ကာ အလျင်အမြန် တုံ့ပြန်လိုက်သည်။ လက်မောင်းထဲက ပေါက်ပေါက်ဗူးကို မတော်တဆ တိုက်မိသွားသော်လည်း နှစ်ယောက်လုံး ဂရုမစိုက်ကြပေ။

မှောင်နေတာကြောင့် နမ်းဖို့ သင့်တော်တဲ့ ပတ်ဝန်းကျင်တစ်ခုပဲ ။ ယန်ချုံးကို ထိုင်ခုံနောက်မှီနဲ့ ထိတဲ့အထိဖိထားတယ် ။  ဘယ်သူမှ အာရုံစိုက်မှာ မဟုတ်ဘူးလို့ သူထင်တာကြောင့် ခေါင်းကိုမော့ပြီး ကျိရှင်းလန် နဲ့ အတူ လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး ကြည်နူးစရာကောင်းတဲ့ ခံစားချက်ကို ခံစားလိုက်ရတယ်။ ကျိရှင်းလန်က အနမ်းကို နက်နက်ရှိုင်းရှိုင်း လွယ်လွယ်ကူကူ ရနိုင်စေဖို့ သူ့မေးရိုးကိုဆုပ်ကိုင်ထားတဲ့လက်ကိုတောင်ဖြေလျော့လိုက်သည်။

ပါးစပ်ဟသွားသောအခါ၊ ယန်ချုံးက ကျိရှင်းလန်  မျက်လုံးတွေထဲက နူးညံ့သိမ်မွေ့သော ပျော်ရွှင်မှုကို မြင်တွေ့လိုက်သည်။ ကျိရှင်းလန်ရဲ့ လက်များက သူ့ခေါင်းကို ကိုင်ကာ ငုံ့ထားသည်။  သူက ယန်ချုံးဆံပင်များကို နားရွက်နောက်သို့ ဆွဲယူကာ ပြုံးပြီး "ဒီနေ့ မင်း တကယ် ကောင်းနေတယ်" လို့ ပြောလိုက်ပါတယ်။

ယန်ချုံးက ရှေ့မှလူများကြားရမည်ကို စိုးရိမ်သောကြောင့် သူက အနည်းငယ်အဆင်မပြေသည့်ပုံစံဖြင့် တိုးတိုးလေးပြောနေတဲ့ ကျိရှင်းလန်  ပါးစပ်ကို လက်လှမ်းပြီး ဖုံးထားလိုက်သည်။ "ဟက်။ မင်းကို တခြားသူတွေ မမြင်သွားစေနဲ့"

ကျိရှင်းလန်က ပြုံးရုံသာပြုံးပြီး သူ့နှုတ်ခမ်းကို နမ်းဖို့ သူ့လက်ကို ဆွဲချလိုက်သည် ။ နောက်တော့ အနီးနားကို ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်သွားပြီး ပြောလိုက်သည်“ရုပ်ရှင်ရုံတွေမှာ အနီအောက်ရောင်ခြည် ညဘက်မြင်ကင်မရာတွေရှိတယ် ”

ထိုစကားကိုကြားသောအခါ ယန်ချုံးရဲ့ မျက်ဝန်းတွေက  အနည်းငယ် တုန်လှုပ်သွားသည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now