53. ယန်ချုံးကို မှတ်မိသေးလား?

568 60 0
                                    

Unicode


ယန်ချုံးကို မှတ်မိသေးလား?

သင်္ချာအတန်းချိန်အတွင်း ယန်ချုံးက စားပွဲပေါ် တွင် တံတောင်ဆစ်တစ်ဖက်ကိုတင်ကာ သူ့မေးစေ့ကို လက်ဖဝါးပေါ်တင်ပြီး ဘောပင်ကို လှည့်နေခဲ့သည်။

ရှဲ့ယွီ၏ စကားလုံးများသည် သူ့စိတ်ထဲမှာ စွဲမြဲနေပြီး မနက်ခင်းအများစု ကုန်ဆုံးသွားသည့်တိုင် သူစိတ်မငြိမ်မသက်ဖြစ်နေဆဲပင်။


ယန်ချုံးက သူ့ခေါင်းကိုငုံ့ပြီး လည်ပင်းကိုထိဖို့  သူအသုံးပြုနေတဲ့လက်ကို ရွှေ့လိုက်တယ်။  သူ့ဒဏ်ရာတွေကို ဖုံးအုပ်ထားတဲ့ ပိတ်စက သူ့လည်ပင်းကို ဖိထားပြီး တင်းတင်းကြပ်ကြပ် ချည်နှောင်ထားတာကြောင့် သူ့လည်ချောင်းက အနည်းငယ် မသက်မသာ ဖြစ်နေပါတယ်။  သူ့လည်ပတ်ကို နည်းနည်း လျော့သွားအောင် ညှိဖို့ကြိုးစားလိုက်တယ်။

သူ့ရနံ့ဂလင်းပေါ်ရှိ ဒဏ်ရာက အလွန်လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး လည်ကုပ်က ဒဏ်ရာက နာကျင်မှု သိပ်မခံစားရတော့သည့် အထိ ပြန်လည်ကောင်းမွန်လာခဲ့သည်။  ဒီညတော့ သူ ပိတ်စကို ဖြုတ်လို့ရနိုင်တယ်။


ယန်ချုံးက သူ့လက်ကိုအောက်ချလိုက်ပြီး သက်ပြင်းချလိုက်တယ်။

ဒဏ်ရာက သက်သာသွားပေမယ့် သူ့နှလုံးသားမှာ ဒဏ်ရာက ရှိတုန်းပဲ ။  ဒါကိုအတိတ်ကဖြစ်ခဲ့ရင် တစ်နေ့မှာ Alphaကိုက်တာခံရလိမ့်မယ်လို့ သူဘယ်တော့မှ ယုံမှာမဟုတ်ဘူး။


ကျိရှင်းလန်က သူ့ကိုကိုက်တဲ့အချိန် သူ့ခြေထောက်တွေ အားနည်းလာတာကို သတိရတဲ့အခါ ယန်ချုံးက သူ့လည်ပင်းကို လက်တစ်စုံနဲ့ ညှစ်ထားသလိုခံစားရပြီး မယုံနိုင်လောက်အောင် အသက်ရှူကြပ်သွားသလို ခံစားလိုက်ရတယ်။


သူက ယန်ချုံးဖြစ်သည်ကို ကျိရှင်းလန်သိသော်လည်း သူက သူ့(ယန်ချုံး)ကိုကိုက်နေဆဲဖြစ်သည်။  အရိုက်ခံရမှာ မကြောက်ဘူးလား?


ယန်ချုံးက သူ့ဆံပင်တွေကို ဆွဲကိုင်လိုက်ပြီး အပြင်ကနေ လေတွေဝင်လာဖို့ သူ့ဘေးနားက ပြတင်းပေါက်ကို ဖွင့်လိုက်တယ်။  လေနုအေးလေးက သူ့မျက်နှာကို တိုက်ခတ်လိုက်ကာ ထိုပူလောင်သော အတွေးများကို အနည်းငယ် ဖြန့်ကျက်လိုက်သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now