18. သူ့ကိုနမ်း သူ့ကိုနမ်း!

1.1K 194 1
                                    

Unicode

သူ့ကိုနမ်း သူ့ကိုနမ်း!

ကျိရှင်းလန် အကြည့်က ယန်ချုံးအပေါ် တိကျစွာရောက်သွားသောအခါ ယန်ချုံးက အရာမ်ားစြာက တကယ်ကိုမှားတော့မယ်လို့ ချက်ချင်းခံစားမိလိုက်သည်။

သူမျှော်လင့်ထားသည့်အတိုင်းဘဲ စက္ကန့်အနည်းငယ်အကြာမှာ ကျိရှင်းလန်ရဲ့ နူးညံ့တဲ့ အသံကစင်ပေါ်မှထွက်ပေါ်လာသည်။ ဟိုဘက္က အဲဒီကျောင်းသား မင်းကOmegaဟုတ္တယ္မဟုတ္လား။ ကျေးဇူးပြုပြီးတက်လာပေးပါ

ယန်ချုံး အံ့သြသွားခဲ့တယ် ။ ကျိရှင်းလန်က သူ့ကိုသင်ခန်းစာသင်ပေးချင်မှန်း သူသိပေမယ့် သူဒီလိုလုပ်လိမ့်မယ်လို့မမျှော်လင့်ခဲ့ဘူး။

အခိုက်အတန့်လေးတစ်ခုမှာ ပတ်ဝန်းကျင်မှလူတွေ အားလုံးက ယန်ချုံးကို တစ်ပြိုင်နက်ကြည့်ဖို့ ခေါင်းကိုလှည့်လိုက်သည်။ နှာခေါင်းရှုံ့သူအချို့ကပင် လက်ခုပ်တီးပြီး အော်ဟစ်လိုက်ကြသည်။

ယန်ချုံးက မီးမောင်းထိုးပြနေသည့် ခံစားခ်က္ကို အသုံးမချနိုင်ပါ။ သူကမသိမသာပြုံးပြီး ခေါင်းကိုလှည့်ကြည့်လိုက်ကာ ကျိရှင်းလန် ပြောနေတာက သူမဟုတ္သလို ဟန်ဆောင်နေတယ်။ သူ့ရဲ့မကောင်းတဲ့သရုပ်ဆောင်မှုကြောင့် ဘယ်သူ့ကိုမှမလိမ်နိုင်ခဲ့ဘူး။ ကျိရှင်းလန်က သူ့ကိုရွေးထားတဲ့အတွက် သူ့ကိုဟန်ဆောင်နေတာကိုရပ်ဖို့ပြောနေတာနဲ့အမျှ လူတိုင်းကသူ့အပေါ်မှာစူးစိုက်ကြည့်နေတုန်းဘဲ။

အမှန်တစ်ကယ်တော့ ယန်ချုံးက ရှဲ့ယွီ ၊ အဖွဲ့သားများနှင့်အတူရပ်နေဖို့ အခိုင်အမာပြောပြီး သူ့ကိုယ်သူဒုက္ခရောက်စေခဲ့သည်။ ကျောင်းသားများတန်းစီသောအခါ သူတို့၏ရာထူးကို သူတို့၏အမြင့်အားဖြင့်ဆုံးဖြတ်သည်။ Omegaတွေက သေးငယ်သည့်ဘက်တွင် ရွိ၍ သူတို့အားလုံးက ရှေ့ဆုံးတန်း၌ရပ်နေကြသည်။ ယန်ချုံးက ရှဲ့ယွီနဲ့အတူ ချောင်းကြည့်ဖို့ အနောက်ဘက်တွင်ရပ်လိုက်တာကြောင့် ကျိရှင်းလန် ညွှန်ပြသောလမ်းကြောင်း၌ သူကတစ်ဦးတည်းသောOmegaဖြစ်နေခဲ့သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now