20.1 . သူ့ကိုရေချိုးဖို့ ငါ့အခန်းထဲကိုလွှတ်လိုက်

1.1K 177 1
                                    

Unicode

သူ့ကိုရေချိုးဖို့ ငါ့အခန်းထဲကိုလွှတ်လိုက်

ယန်ချုံးက ခေါင်းကိုလှည့်လိုက်ချိန် သူတို့နှစ်ယောက်ဆီ လျှောက်လာနေတဲ့ ကျိရှင်းလန်ဆီက အလွန်မကျေမနပ်တဲ့ aura တစ်ခုထွက်လာသည်ကိုတွေ့လိုက်ရသည်။

'ဒါကရန်လိုစရာပဲ ငါတစ်ခါလောက်တွေ့ဖူးရင်ပေါ့ ' ယန်ချုံးတံတွေးမျိုချလိုက်သည်။

သူနဲ့ရှဲ့ယွီတို့က တစ်ယောက်အပေါ် တစ်ယောက်ထပ်လျက်ရှိနေကြပြီး ကျိရှင်းလန်က သူတို့ကို လက်ပူးလက်ကြပ်ဖမ်းလိုက်သည်။ ယန်ချုံးက အခြေအနေတွေပိုဆိုးလာမယ်ဆိုတာကို သူ့စိတ်ထဲသိနေပြီး သူက ရှဲ့ယွီရဲ့ခြေထောက်ကို ဆောင့်ဆွဲလိုက်တယ် ။ 

  ရှဲ့ယွီက ခုထိစိတ်ရှုပ်နေတုန်းပဲ။  သူက ယန်ချုံးရဲ့ ပုခုံးကိုဖတ်ထားတဲ့  လက်တစ်ဖက်နဲ့ အခြားတစ်ဖက်က အဆစ်လွဲသွားသည် ။  သူကညည်းညူပြီး အခြေအနေတစ်ခုလုံးကိုမသိဘဲကျန်နေရင်းနဲ့စကားပြောခဲ့တယ်။

"ငါမင်းကိုဆက်ပြီး မထိန်းထားနိုင်တော့ဘူး "

"နောက်တစ်ကြိမ်မှလုပ်ရအောင် ဒီနေ့တော့ခါးနာသွားပြီ "

အခြားယုတ္တိမရှိတဲ့အရာများလည်းပါဝင်လာသည်။

ငါးမီတာအကွာမှာရပ်နေတဲ့ သူတစ်ယောက်က သေလူလိုသူ့ကိုစိုက်ကြည့်နေတာကို သူသတိမပြုမိခဲ့ဘူး။

ယန်ချုံးက သူ့အသားအရည်ပေါ်မှာ တွားသွားခြင်းကိုခံစားလိုက်ရသည်။  သူက ကျိရှင်းလန်ရဲ့ အမူအရာကိုမကြည့်ရဲတော့ဘူး။ ကျိရှင်းလန်နဲ့ ရှဲ့ယွီတို့  မျက်နှာချင်းဆိုင်တွေ့ခဲ့ရင် အရာအားလုံးက ဆိုးဆိုးရွားရွား မှားသွားမှာကို သူစိုးရိမ်ခဲ့တယ်။ ဒါကြောင့်အထိတ်တလန့်ဖြင့် သူကသူ့ကျောင်းကဒ်ကို အိတ်ကပ်ထဲမှထုတ်လိုက်ပြီး ရှဲ့ယွီ လက်ထဲထည့်လိုက်သည်။

“ ငါရေနည်းနည်းဆာနေတယ်။  စူပါမားကတ်ကိုသွားပြီး ငါ့အတွက်ရေသွားဝယ်ပေးလို့ရမလား ?”  ယန်ချုံးက ရှဲ့ယွီနဲ့ မည်သူ့ကိုမျှမသေစေဘဲ လွှတ်လိုက်ရန်ဆင်ခြေတစ်ခုကို အမြန်တွေ့သွားခဲ့သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now