14. မင်းမှာဘာလို့ တခြား Alphaရဲ့အနံ့ရှိနေရတာလဲ?

1.2K 197 0
                                    

Unicode

မင်းမှာဘာလို့ တခြား Alphaရဲ့အနံ့ရှိနေရတာလဲ?


ကျိရှင်းလန်ရဲ့ ဂျာကင်အင်္ကျီက သူ့ခေါင်းပေါ်မှာ ရှိနေခဲ့စဉ် ယန်ချုံးက ခဏမျှအံ့သွားခဲ့သည်။  သူ့ပတ်ပတ်လည်မှာ ကျယ်လောင်စွာ အော်ဟစ်သံများမြင့်တက်နေစဉ် သူ့နားရွက်များကတဖြည်းဖြည်းနီရဲလာသည်။  သူ့ရနံ့နှင့်ပြည့်နေသော ကျိရှင်းလန်ရဲ့ ဂျာကင်ကိုကိုင်ရင်း သူကအကျပ်ရိုက်နေခဲ့သည်။ သူအဲ့ဒါကို လွှင့်ပစ်ဖို့မသင့်တော်ဘူး၊ ဒါပေမယ့် သူဆက်ကိုင်ထားလို့လည်းမရဘူး။

လူမိုက် ကျိရှင်းလန်က သတို့သမီးကို ရွေးဖို့ချယ်လှယ်တဲ့ဘောလုံးလို ပစ်ပေါက်ခဲ့တာလား ?

အခြားနယ်ပယ်မှ ကျောင်းသားများက မယုံနိုင်လောက်အောင် စပ်စုခဲ့ကြသည်။  ၎င်းတို့အနက်မှ ထက်ဝက်သည် မနာလိုမှုရှိနေခဲ့ပြီး ကျန်တစ်ဝက်မှာလည်း မနာလိုမှုနှင့်ပြည့်နေခဲ့သည်။  သူတို့အားလုံးက သူတို့ကျောင်းအိုင်ဒေါ ရဲ့ဂျာကင်အင်္ကျီကို ဘယ်သူဖမ်းဆုပ်နိုင်ခဲ့လဲဆိုတာကြည့်ချင်ကြလို့ သူတို့လည်ပင်းကိုဆန့်လိုက်ကြသည်။

ကျိရှင်းလန်က သူ့ဂျာကင်အင်္ကျီကို တစ်ခြားသူဆီ ကျပန်းဘယ်တော့မှ ပစ်မှာမဟုတ်ဘူးဆိုတာ သိထားရမယ်။  သူတို့ဘယ်လိုကြည့်နေပါစေ သူ့ဂျာကင်ကို ဖမ်းတဲ့ကျောင်းသားက သူနဲ့ဆက်ဆံရေးရှိနိုင်တယ်။

သူ့ခေါင်းပေါ်မှာ ဂျာကင်အင်္ကျီနဲ့ဘဲ ယန်ချုံးက  သူ့အားလက်တွေ့ကျကျ ထိုးဖောက်ဝင်ရောက်လာတဲ့ အခြားကျောင်းသားများထံမှ ပူလောင်စပ်စုသောအကြည့်များကို ခံစားရသည်။ ယန်ချုံးက သူ့လက်ကိုမလှုပ်တော့ဘဲရပ်လိုက်သည်။  သူကအခြားသူ မဟုတ်ကြောင်းသိစေရန်ဂျာကင်အင်္ကျီကိုဖယ်ရှားဖို့ သတ္တိမရှိနေပေ ။

သူ့ဘေးနားမှာ တစ်စုံတစ်ယောက်က တိုးတိုးလေးဆွေးနွေးနေတာကို သူကြားလိုက်ရတယ်။  "သူကOmegaဟုတ်တယ် မဟုတ်လား။  ငါသူ့အနံ့ကိုရခဲ့တယ်။  တော်တော်လှတာပဲ…”

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now