46. မင်းမကြိုက်ဘူးလား?

588 58 0
                                    

Unicode

မင်းမကြိုက်ဘူးလား?


  ကျိရှင်းလန် အိပ်ပျော်သွားသောအခါတွင် သူက ယန်ချုံးကို ပွေ့ဖက်ပြီး တစ်ဖက်၏ခေါင်းပေါ်ကို မေးစေ့တင်ထားရတာကို သဘောကျသည်။  ထို့ကြောင့် သူသည် သူ၏ အနုစိတ်ဆုံးနှင့် အနူးညံ့ဆုံးနေရာကို ယန်ချုံးအား ထုတ်ဖော်ခဲ့သည်။

လက်စားချေခြင်း၏ ပီတိတွေပြည့်နေတဲ့  မျက်လုံးတွေနဲ့ ယန်ချုံးက ပါးစပ်ကိုဖွင့်ကာ ချောမွေ့သော လည်ပင်းကို ကိုက်လိုက်သည်။

သူ့လည်ပင်းမှာ နှုတ်ခမ်းနဲ့ သွားတွေကို ပိတ်လိုက်တဲ့အခါ ခံစားချက်က မယုံနိုင်လောက်အောင် ထူးဆန်းနေခဲ့တယ်။  သူ့ ချွန်ထက်တဲ့ သွားတွေက သူ့လည်ပင်းရှိ နုနယ်သော အရေပြားကို ထိလိုက်သည်နှင့် သူ့အရေပြားအောက်ရှိ ကျိရှင်းလန်ရဲ့ သွေးခုန်နှုန်းကို ယောင်ဝါးဝါး ခံစားနိုင်သည်။  ယင်းကြောင့် ယန်ချုံးရဲ့ ဗီဇတစ်စိတ်တစ်ပိုင်းကို Alphaအဖြစ် လှုံ့ဆော်ပေးခဲ့သည်။  သူသည် တဖြည်းဖြည်း စိတ်လှုပ်ရှားလာပြီး နှလုံးခုန်သံမြန်လာသည်။

ယန်ချုံးက သူ့ကို လက်တုံ့ပြန်ဖို့ ပြင်းပြင်းထန်ထန် ကိုက်ဖို့ စိတ်ကူးထားတယ်။  သူ့အရေပြားကို မကိုက်ချင်ပေမယ့် အနည်းဆုံးတော့ ကျိရှင်းလန်ကို နာကျင်စေချင်တယ်။  သို့တိုင် ကိုက်လိုက်သောအခါတွင် သူ့ကိုယ်သူ ဝန်လေးနေသည်ကို တွေ့ရသည်။  အဲဒီအစား၊ သူက နူးညံ့ပြီး နွေးထွေးတဲ့ လျှာကိုသုံးပြီး သူ့အရေပြားကို ညင်ညင်သာသာ ပွတ်သပ်ပေးရင်း အခုလေးတင် ကျန်ခဲ့တဲ့ အကိုက်အခဲ အမှတ်အသားတွေကို ချောမွေ့အောင် လုပ်ဖို့ ကြိုးစားနေပုံပါပဲ။

ထိုခွန်အားက ကျိရှင်းလန်ရဲ့ အရေပြားကို နမ်းလိုက်ရုံနှင့် စို့နေပုံရစေသည်။

သူအသက်ရှုလိုက်တိုင်း သူရနံ့က ကျိရှင်းလန် ရနံ့သာဖြစ်ပြီး ယန်ချုံးက ထိုနေ့က ကျိရှင်းလန် အကိုက်ခံရသည့်ခံစားချက်ကို ယောင်ဝါးဝါးမှတ်မိနေနိုင်သည်။

အမှတ်အသားပြုခြင်းက အရေပြားတစ်လျှောက်နှင့် ရနံ့ဂလင်းမှတစ်ဆင့် ကိုက်ဖို့ Alphaကို လိုအပ်သည်။ ကျိရှင်းလန်က သူ့ကိုကိုက်လိုက်တဲ့အခါ ယန်ချုံးက အရမ်းနာကျင်နေပေမယ့် အဲဒီခံစားချက်က သူ့ခြေထောက်တွေကို သတိရတဲ့အခါ အားနည်းသွားခဲ့တယ်။  နာကျင်ခြင်းအပြင် သူလည်း စိတ်လှုပ်ရှားနေခဲ့သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now