64. ဒါကိုနောက်တစ်ကြိမ် လုပ်ဦးမှာလား ?

774 50 3
                                    

Unicode

ဒါကိုနောက်တစ်ကြိမ် လုပ်ဦးမှာလား ?


Omega၏ estrus ကာလက တစ်ပတ်ခန့်ကြာတတ်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း နှစ်ယောက်စလုံး အခန်းထဲက မထွက်ခဲ့ကြပေ။  ကျိရှင်းလန်က အိမ်တော်ထိန်းဆီ အစားအသောက်တွေကို နေ့တိုင်း သူတို့အခန်းသို့ အချိန်မှန် ပို့ခိုင်းထားတာကြောင့် အိမ်တော်ထိန်းက သူတို့အတွက်အစားအသောက်တွေကို  တံခါးဝဆီ  ပို့ပေးလာသည်။  စားပြီးသည်နှင့် သူက မီးဖိုချောင်သုံးပစ္စည်းများကို သိမ်းလိမ့်မည်။

သူတို့က ပင်မအခန်းနှင့် နံရံတစ်ခုသာ ကွာဝေးသောကြောင့် အိမ်တော်ထိန်းက သူတို့ကို မကြားချင်ရင်တောင်မှ ကြားနိုင်သေးသည်။  သခင်လေးရဲ့ ညင်သာစွာ ချော့ပေးသံနဲ့ ဇနီးဖြစ်သူရဲ့  တိုးညှင်းလှသော ညည်းသံများနဲ့  ကြည်လင်ပြတ်သားသော ခေါင်းလောင်းမြည် သံနှင့် ရောထွေးနေတာကို သူ ယောင်ဝါးဝါး ကြားနေရသည်။  စကားလုံးနဲ့ မသင့်တော်တဲ့ လှုပ်ရှားမှုမျိုးစုံကိုလည်း သူကြားနေရတယ်။

အိမ်တော်ထိန်းက ခေါင်းယမ်းပြီး ဗန်းကို တွန်းထုတ်လိုက်ကာ ငယ်ရွယ်သူများ၏ သက်လုံကောင်းမှုကို သဘောကျနေသည် ။

ထိုအချိန်တွင် ယန်ချုံး စိတ်က ရှုပ်ထွေးနေသည်။

မူးနေတဲ့ ခေါင်းဖြင့် ကုတင်ပေါ်တွင် လှဲနေလိုက်သည်။  သူ့ခေါင်းက မြူခိုးတွေ နည်းနည်း ရှင်းသွားတော့မှ သူ့လက်အောက်မှာစုပြုံနေတဲ့ တစ်ခုတည်းသော အရာဖြစ်သည့် အခင်းတွေကို သူမြင်နိုင်ခဲ့သည် ။  သူ့လည်ပင်းပေါ်က ခေါင်းလောင်းသံက နေ့စဥ် ညတိုင်း အဆက်မပြတ် မြည်နေတယ်။

ကျိရှင်းလန်က သူ့ကို နေ့တိုင်း ရေချိုးပြီး သန့်ရှင်းရေးလုပ်ပေးပေမယ့် သူတို့ဟာ ရေချိုးခန်းထဲမှာ အချိန်အတော်ကြာအောင် နေတတ်ကြပြီး ယန်ချုံးကတော့ သူ့ရဲ့ အနိုင်ကျင့်မှုကြောင့် အဆက်မပြတ် ငိုနေခဲ့ပါတယ်။

တစ်ပတ်နီးပါးကြာအောင် အခန်းထဲမှာ တစ်နေ့ကို အကြိမ်ပေါင်းများစွာ အခင်းတွေလဲရတယ်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now