82 - မင်းကို သေတဲ့အထိ အေးခဲသွားစေနိုင်တယ်

190 22 0
                                    

Unicode

မင်းကို သေတဲ့အထိ အေးခဲသွားစေနိုင်တယ်


မှင်တက်သွားသော ယန်ချုံးက သူ့​ ရဲ့ပြေသွားသည့် ကြိုးများကို စိုက်ကြည့်နေသည်။  ကျိရှင်းလန်က အဲ့ဒါကို စိတ်ဝင်စားလိမ့်မယ်လို့ သူ မမျှော်လင့်ထားပါဘူး။

ကံကောင်းထောက်မစွာနဲ့ သူပ ယခုအချိန်တွင် ဆိုဖာပေါ်တွင် သပ်ရပ်စွာထိုင်နေပြီး ဘောင်းဘီပြန်ပြုတ်ကျခြင်း၏ ရှက်စရာကောင်းသော အခြေအနေကိုလည်း ရှောင်ရှားနိုင်ခဲ့သည်။

ကျိရှင်းလန်က အရပ်ရှည်ပြီး ခြေတံရှည်သည်။  ယန်ချုံး ပေါင်ပေါ်မှာ သူထိုင်လိုက်သောအခါ သူက သေးမယ့်ပုံမပေါ်ပေ ။   ယင်းအစား သူသည် ယန်ချုံးကို ချေမှုန်းလိုက်သလိုပင်။

ယန်ချုံး အောက်ကိုငုံ့ကြည့်လိုက်တော့ ကျိရှင်းလန် ရဲ့ ရှပ်အင်္ကျီက ပွင့်နေတဲ့ ကော်လာနဲ့ ရင်ဘတ်ကို တွေ့လိုက်ရတယ်။  သူ့မျက်လုံးတွေက လှည့်ပတ်ကြည့်လို့ သင့်တော်တဲ့နေရာကို ရှာမတွေ့ဘူး။  နောက်ဆုံးတွင် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို တစ်ဖက်သို့သာ လှည့်နိုင်ခဲ့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ယန်ချုံးက သူ၏ပြစ်ဒဏ်ကို ချောမွေ့စွာလုပ်ဆောင်ခဲ့သည်။  ကျိရှင်းလန် နဲ့ အိပ်တာကို မေ့ထားပြီး သူ့ကို ကျိရှင်းလန် နမ်းဖို့နဲ့ ပွေ့ဖက်ခွင့် မပေးခဲ့ဘူး။

ဒါပေမယ့် ကျိရှင်းလန်ကတော့ မရှက်ပါဘူး။  ယန်ချုံးက သူ့ခေါင်းကို တစ်ဖက်ခေါင်းဘက်သို့ လှည့်သွားသည်ကို မြင်သောအခါ၊ သူသည် လည်ပင်းဘက်ကို တမင်တကာ နမ်းလိုက်ပြီး ယန်ချုံး ခန္ဓာကိုယ်အနှံ့ကို တုန်တုန်ယင်ယင် ဖြစ်စေခဲ့သည် ။

အခုအချိန်မှာတော့ သူတို့ မျက်နှာချင်းဆိုင်ထိုင်နေတော့ ယန်ချုံးက စိတ်လှုပ်ရှားနေတဲ့ အနေအထားမှာ ရှိနေတယ်။

ကျိရှင်းလန်က  ဤကဲ့သို့ သူ့ကို ဖြားယောင်းသွေးဆောင်နေပြီး ယန်ချုံးက ပျော်ရွှင်စရာ အခိုက်အတန့်လေးဖြစ်ဖို့အတွက် အရာအားလုံးကို လျစ်လျူရှုချင်ခဲ့ပြီး လောလောဆယ် စိတ်ဆိုးနေသည်ဆိုတာကို မေ့လုနီးပါးပင်။  သူ့ရင်ထဲက ဆန္ဒမီးတောက်တွေကို မငြိမ်းသတ်နိုင်တော့ဘူး။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now