အခန်း - ၃

95.6K 7.2K 821
                                    

Unicode//

"ပါပါး ပါပါး...မနက်က ကိုကိုဗိုက်အောင့်သေးတယ်သိလား...ကိုကိုကဘာမှမပြောဘဲ ငြိမ်ပြီးခံနေတယ်...နိုနိုကပဲ ဖိုးဖိုးကယ်လေးကိုပြေးခေါ်ပေးရတယ်...နိုနိုမရှိရင် ကိုကိုဘယ်လိုနေမလဲမသိဘူး"

အစ်ကိုဖြစ်သူအကြောင်း တိုင်နေသော သားငယ်ကြောင့် သူပြုံးလိုက်မိသည်။

"ဟုတ်လား သားငယ်ကတော်လိုက်တာ...ပါပါးဆုချမယ်...ဖုန်းနားကိုပါးကပ်လိုက်"

ပြောလိုက်တော့ ချက်ချင်း ပါးကပ်လာသည်။

"မွ...မွ"

ဖုန်းစခရင်ထက်က သားငယ်၏ပါးလေးကိုအသံမြည်အောင်နမ်းလိုက်တော့ တခစ်ခစ်နှင့်သဘောကျနေတော့သည်။ သားကြီးကတော့ ညီဖြစ်သူကိုသဘောကျစွာကြည့်နေပြီး အနည်းငယ်ပြုံးရိပ်သန်းနေသည်။ သားကြီး၏ ပုံစံလေးကြောင့် တစ်စုံတစ်ယောက်ကိုသတိရမိတော့ ရင်ဘတ်၏ဘယ်ဘက်ခြမ်းက ငလျင်တစ်ချက်လှုပ်ပါ၏။

"သားကြီး ဘာတွေအစားမှားလို့လဲ...ဟင်?"

မေးတော့ သားကြီးကခေါင်းခါပြသည်။ အစားမမှားဘူးဆိုတာကိုဖြေချင်တာလား၊ မသိလို့ခေါင်းခါတာလားဆိုတာကိုတော့ သားကြီးတစ်ယောက်သာသိလိမ့်မည်။ သူလည်းထပ်မမေးတော့။ သုံးနှစ်ကို သုံးလလောက်သာကျော်သေးသောသားကြီးက အရွယ်နှင့်မလိုက်အောင်တည်လွန်း၏။ သားငယ်ကသူနှင့်တူသလောက် သားကြီးကလည်း....။

သူ သက်ပြင်းတစ်ချက်ချကာ...

"သားကြီး ပါပါးကိုကြည့်"

ကြည့်ဆိုတော့ ညီဖြစ်သူဘက်မှသူ့ဘက်ကိုလှည့်လာသည်။ ဘေးတွင် နိုနိုကစက်ရုပ်ဆက်နေခြင်းဖြစ်သည်။ ဧကလေးက ဘယ်သောအခါမှကိုယ်တိုင်ဆော့လေ့မရှိဘဲ နိုနိုဆော့သည်ကိုသာထိုင်ကြည့်နေတတ်သည်။

"နောက်တစ်ခါ ဗိုက်အောင့်တာပဲဖြစ်ဖြစ်၊ဘာပဲဖြစ်ဖြစ် ဖိုးဖိုးဒယ်ဒီနဲ့ဖိုးဖိုးကယ်လေးကိုပြောနော်.... သားသွားမပြောချင်ရင် နိုနို့ကိုပြောလိုက်...နိုနိုက သွားပြောပေးလိမ့်မယ်...ဘေးမှာဘယ်သူမှမရှိရင် ပါပါးကိုဖုန်းဆက်ရမယ်...ဟုတ်ပြီလား"

တည်Where stories live. Discover now