အခန်း - ၅၀

90.1K 5.4K 1.3K
                                    

Unicode//

အာဏာတစ်ယောက် အိပ်ခန်းထဲသို့ဝင်လာလာချင်းတွေ့လိုက်ရသောမြင်ကွင်းကြောင့်ပြုံးလိုက်မိသည်။

အိပ်ရာထက်ထိုင်နေရင်း ဖုန်းကိုကြည့်ကာ ပြုံးရယ်နေသော သူ့အမျိုးသား။ ကြက်သွေးရောင် ညအိပ်ဝတ်စုံကြောင့် ဖြူဝင်းနေသည့်အသားအရည်က ပို၍ဖြူနေသယောင်။ ဝတ်စုံနှင့်အပြိုင်ရဲစွေးနေသောနှုတ်ခမ်းသားတို့ကလည်း ထင်းလင်းစွာပင်။

အနားသို့ရောက်သွားသည်အထိ သူ့အားတစ်ချက်မော့မကြည့်။ သို့သော် လက်ချောင်းသွယ်တို့၏လှုပ်ရှားမှုကြောင့် စာရိုက်နေမှန်းသိလိုက်ရ၏။

သူလည်း အိပ်ရာထက်ဝင်ထိုင်လိုက်ရင်း...

"ဘယ်သူနဲ့ပြောနေတာလဲ"

"....."

မေးလိုက်သော်ငြား အဖြေမရှိ။ မကြားတာမဟုတ်ဘဲ တမင်ကိုမသိချင်ယောင်ဆောင်နေမှန်း သိသာလွန်းပါသည်။ ပြုံးနေသည့်မျက်နှာလေးကလည်းချက်ချင်းတည်သွားသည်မို့...

"ကိုကို့ကို စိတ်ဆိုးနေတာလား"

မေးရင်း ပါးတစ်ဖက်ကိုညှစ်ဟန်ပြုလိုက်တော့ ခေါင်းကိုငဲ့ကာရှောင်သွားသည်မို့ သက်ပြင်းတစ်ချက်ချလိုက်မိ၏။

ဒီတစ်ကြိမ်ရော ဘာကိုစိတ်မကြည်ဖြစ်နေပြန်လဲ မသိ။

အဖြေကိုသိနိုင်ရန်အတွက် တစ်နေ့တာအဖြစ်အပျက်တို့အား စိတ်နှင့် ပြန်လည်စစ်ဆေးကြည့်နေမိသည်။

သူကမနက်ပိုင်းဂျူတီကျပြီး ဂျစ်ကားက နေ့လယ်ပိုင်းဂျူတီကျသည်မို့အချိန်တော့မတူပါ။ သို့သော် ညနေ ဂျစ်ကားအိမ်သို့ပြန်ရောက်လာသည်အထိ အကောင်းအတိုင်းပင်။ ထို့နောက် ကြည်နူးနှင့်အဲလက်စ်နှစ်ယောက် အိမ်သို့လာလည်သည်။ ထိုအချိန်ထိလည်း ဘာမှမဖြစ်။

သို့ပေမဲ့ ဧည့်ခံနေရင်းမှာပင် ဂျစ်ကားက "လုပ်စရာရှိသည်"ဟူသော အကြောင်းပြချက်ဖြင့် ကြည်နူးတို့ကိုနှုတ်ဆက်ပြီးထထွက်သွားခဲ့သည်။ သူ့ကိုတော့ ဘာမှပြောမသွားခဲ့။ ဒါကို သူလည်းစိတ်ထဲမရှိခဲ့ပါ။ အမှန်တကယ်အရေးကြီးသည့်ကိစ္စဟုသာမှတ်ယူခဲ့ပြီး ဒီတိုင်းထားလိုက်မိ၏။

တည်Where stories live. Discover now