အခန်း - ၃၇

86.7K 5.8K 893
                                    

Unicode//

"ဒီမှာက အမြဲကားကြပ်တာလား"

ဂျစ်ကားက ကားမှန်ပြင်ပရှိ ကားတန်းအရှည်ကြီးကိုကြည့်ကာမေးလာသည်မို့...

"အင်း ဒါတောင်ဒီနေ့နည်းနည်းချောင်တယ်"

"ဪ"

"ဘာလဲ...စိတ်ညစ်သွားတာလား"

"မဟုတ်ပါဘူး...ဒီတိုင်းမေးကြည့်တာ"

"ဟုတ်ပါပြီ"

စကားပြတ်သွားသည်မို့ အာဏာတစ်ယောက် ကားကိုသာဂရုတစိုက်မောင်းနေလိုက်သည်။

ခဏအကြာတွင်...

"လူတွေက ရန်ကုန်မှာပဲစုပြုံနေသလိုပဲနော်"

"အင်း အဲ့လိုပြောရမှာပေါ့"

ထို့နောက် တစ်ဖန်တိတ်ဆိတ်သွားအပြီးတွင်...

"ရန်ကုန်ကလူဦးရေကိုလျှော့ချချင်ရင် ဘာလုပ်ရမယ်လို့ ကိုကိုထင်လဲ"

ထပ်မေးလာသော မေးခွန်းကြောင့် အာဏာတစ်ချက်စဉ်းစားလိုက်ပြီး...

"အင်း လူဦးရေလျှော့ချဖို့ဆိုတာကတော့ မလွယ်သေးဘူးလို့ ကိုယ်ထင်တာပဲ...ဘာလို့ဆို အလုပ်အကိုင်အခွင့်အလမ်းက ရန်ကုန်မှာပဲအပေါဆုံးကိုး...အဲ့တော့ လာနေကြတဲ့သူတွေကိုလည်း အပြစ်ပြောလို့မရဘူး"

"ဪ Balance မဖြစ်တာပေါ့"

"ဘာကိုလဲ"

"ကိုကိုပြောပုံအရဆို အခွင့်အလမ်းရတာတွေ မညီမျှလို့ပေါ့...အင်း အဲ့လိုမညီမျှတာက နိုင်ငံတိုင်းမှာရှိပေမယ့် မြန်မာပြည်မှာက ပိုဆိုးတယ်နော်"

ထိုစကားကြောင့် အာဏာခေါင်းညိတ်လိုက်မိ၏။

"အင်း ဟုတ်တယ်...နေလို့သာမကောင်းပေမယ့် ရန်ကုန်မှာက ဘာမဆိုအစုံနီးပါးရတာတော့အမှန်ပဲ... သင်တန်းလည်းအစုံ၊ ဆေးရုံဆေးခန်းအစုံရှိတယ်.... လမ်းပန်းဆက်သွယ်ရေး၊ကုန်စည်ပို့ဆောင်ရေးကအစ ဒီကတစ်ဆင့်သွားရတာတွေအများကြီးပဲ... ဆိုတော့ လူတွေဒီမှာစုပြုံလာတာလည်းမဆန်းဘူး... အဲ့လိုစုပြုံလာလေလေ စီးပွားရေးသမားတွေကလည်းဒီမှာပဲအခြေချကြလေလေ၊ လူတွေလည်း ပိုပိုတိုးလာလေလေပဲ"

တည်Where stories live. Discover now