အခန်း - ၁၄

74.1K 6.2K 1.5K
                                    

Unicode//

အတိတ်သို့တူးဆွခြင်း ၁၁

"သောက်ကြည့်ကြ...ငါကိုယ်တိုင်ဖျော်ထားတာ...ငါ့ပီနန်းဆီကသေချာသင်လာတာနော်"

ခေးဆက်က စားပွဲထက်သို့ လင်ဗန်းအဖြူလေးဖြင့်ခံဆောင်ထားသော ကော်ဖီခွက်သုံးခွက်ကို တင်ပေးကာပြောလာခြင်း။  ပုံစံလေးကိုကသောက်ချင်စဖွယ်အတိ။ ကော်ဖီနံ့ကလည်း တစ်ခန်းလုံးမွှေးပျံ့သွားသည်။ ဘေဘေးကတော့ ကော်ဖီမြင်သည်နှင့်မျက်လုံးလေးကတလက်လက်နှင့် လက်ကလည်းတပြင်ပြင်ဖြစ်နေ၏။

"ကဲပါ တစ်ခွက်ယူလိုက်ပါ ဘာတွေရွေးနေတာလဲ"

ကော်ဖီခွက်သုံးခွက်ကို ဟိုဟာကိုင်နိုးနိုး၊ဒီဟာကိုင်နိုးနိုးလုပ်နေသည်မို့ ခေးဆက်က ဝင်ပြောလိုက်ခြင်း။

"ဟီး ဘယ်ဟာပိုများလဲလို့...အတူတူပဲနော်...အဲ ဒီခွက်ကပိုများသလိုပဲ...ဒါယူလိုက်မယ်"

ခေးဆက်ကဘေဘေးလုပ်နေတာကိုကြည့်ပြီးရယ်လိုက်သည်။ ထို့နောက် စာအုပ်ထိုင်ဖတ်နေသော Kingရှေ့သို့ Coffeeတစ်ခွက်ကိုချပေးလိုက်ကာ နောက်ဆုံး မိမိအတွက်တစ်ခွက်ယူလိုက်ပြီး လင်ဗန်းကို စားပွဲထောင့်စွန်းသို့ပို့လိုက်၏။

ဘေဘေးက ကော်ဖီကိုတစ်ငုံငုံလိုက်ပြီးနောက် မျက်နှာကပြုံးသွားပြီး....

"Woww...ရှယ်ပဲ ခေးဆက်"

ပြောလိုက်ရုံမက ခေးဆက်ကိုလက်မပါထောင်ပြသေးသည်။

"ကျေးဇူးပဲ....ငါကမကြိုက်မှာစိုးနေတာ ဟီး"

"မကြိုက်စရာလား...ငါသောက်ဖူးသမျှထဲအကြိုက်ဆုံးပဲ...နောက်လည်းဖျော်တိုက်နော်"

"အေးပါ အေးပါ"

ဘေဘေးတို့ထုံးစံအတိုင်း အစားကောင်း၊အသောက်ကောင်းစားရလျှင် Crushကိုမေ့နေတော့သည်။ Coffeeတစ်ဝက်ကျိုးတော့မှ သတိရ၍ကြည့်လိုက်တော့ ကိုယ်တော်က ကော်ဖီခွက်ကိုတစ်စက်မထိသေး။

ငါယူသောက်လိုက်ရ....

တွေးလိုက်ပြီးမှ ခေါင်းထဲမှအတွေးတို့ကိုမြန်မြန်ထုတ်ရ၏။ အမှန်တကယ်ယူသောက်ချင်သည်မှန်သော်လည်း ထိုမျှထိငတ်ပြလို့မဖြစ်။

တည်Where stories live. Discover now