Our memorable days

117K 6.7K 1.9K
                                    

Unicode//

ပထမဆုံး လျှောက်လည်ခွင့်ရတဲ့နေ့။

ဒီမွေးရပ်ဌာနေမှာကြီးပြင်းလာခဲ့ပေမဲ့ ဒီမြို့ရဲ့နာမည်ကြီးပွဲတော်ကို ၇နှစ်ကျော်မှပထမဆုံးမြင်ဖူးခြင်း။

သိတတ်စအရွယ်ကစလို့ ကိုယ့်အားကိုယ်ကိုးခဲ့တဲ့ ရေခဲတုံးပိစိလေးဟာ ဖခင်ဖြစ်သူရဲ့လိုလားစွာချီပိုးမှုကို သက်တောင့်သက်သာမဖြစ်ခဲ့။ 'စဝ်မင်းနွယ်ဧကရာဇ်'ရယ်လို့ဖြစ်တည်လာစဉ်ကတည်းက တာဝန်တွေ၊ဝတ္တရားတွေဟာလည်း ပုခုံးထက် အလိုလိုတည်ခဲ့ပြီးသား။

စည်းမျဉ်းတွေ၊ စည်းကမ်းတွေနဲ့ မဖြစ်မနေလုပ်ဆောင်ရမဲ့ တာဝန်တွေ...

မနေ့က အငယ်တန်းအဆင့် ရိုးရာသိုင်းပြိုင်ပွဲတစ်ခုမှာ ရွှေတံဆိပ်ဆုရခဲ့လို့ ဒီနေ့မှာအဘွားတော်ရဲ့ကြုံတောင့်ကြုံခဲခွင့်ပြုမိန့်ကို ရခဲ့ခြင်း။

ပါပါးနဲ့မယ်မယ်လည်းပျော်နေသလို ပီအိုက်နဲ့ပီနန်းတို့လည်းအရမ်းပျော်နေတယ်။

ချီထားခံရတာနဲ့အသားမကျပါဘူးလို့ပြောလိုက်ရင် ပါပါးဝမ်းနည်းသွားမှာလား...

ရေခဲတုံးပိစိလေးဟာ သက်ပြင်းဖွဖွလေးချလို့ ဖခင်ဖြစ်သူကိုဝမ်းနည်းသွားစေနိုင်မဲ့အတွေးကို ခေါင်းထဲကအမြန်ထုတ်လိုက်တော့တယ်။

လည်ပိတ်ဆွယ်တာအဖြူလေးနဲ့ အနက်ရောင်ဘောင်းဘီရှည်လေး။ အပေါ်ထပ် Long coatအညိုရောင်က ၇နှစ်သားလေးရဲ့ခြေသလုံးတစ်ဝက်အထိဖုံးအုပ်စေတယ်။ လက်အိတ်အညိုရောင်လေးတွေနဲ့ မာဖလာလေးကလည်းအညိုရောင်။

နှင်းခဲလိုဖြူစွတ်နေတဲ့မျက်နှာလှလှလေးကတော့လူကြီးပေါက်စလေးတစ်ယောက်လို တည်ငြိမ်နေလေရဲ့။ ရဲစိုနေတဲ့နှုတ်ခမ်းလေး၊ ကော့ညွှတ်နေတဲ့မျက်တောင်ရှည်လေးတွေနဲ့ အလှဆုံးမျက်ဝန်းကြည်ကြည်လေးတွေ။

မျက်ခုံးတန်းနှစ်သွယ်ဟာ ကမ္ဘာကျော်အလှဖန်တီးရှင်တစ်ယောက်က တစ်ပင်ချင်းအနုစိပ်စိုက်ပေးထားတဲ့အလား။ နဖူးထက်အနည်းငယ်ကျနေတဲ့ဆံပင်စလေးတွေက လှုပ်ခတ်နေတာမလို့သာ။ မဟုတ်ရင် နတ်ဘုရားရုပ်ထုပေါက်စလေးရယ်လို့တောင် အထင်မှားချင်လောက်အောင် ပြည့်စုံလွန်းတဲ့မျက်နှာတည်တည်လေး။

တည်Where stories live. Discover now