အခန်း - ၁၇

90.8K 6.6K 1.5K
                                    

Unicode//

M-Ferrea

ဤစားသောက်ဆိုင်သည် သက်တမ်း ၇နှစ်အတောအတွင်း နာမည်ပျက်တစ်ချက်ပင်မရှိခဲ့ဖူး။ ဆိုင်အပြင်အဆင်၊ အစားအသောက်အရသာ၊ဝန်ဆောင်မှု...မည်သည့်အပိုင်းမှာမှလစ်လပ်မှု၊မှားယွင်းမှုမရှိဘဲ Good Reviewပေါင်းများစွာဖြင့် ရပ်တည်ခဲ့ပါသော M-Ferrea...။

Culinary Gardenပါရှိသည်မို့ ဆိုင်ထဲဝင်လိုက်သည်နှင့် ဥယျာဉ်တစ်ခုထဲသို့ရောက်သွားသလိုပင်။ ဆိုင်အတွင်း စိုက်ထားသမျှအပင်တိုင်းသည် အလှဆင်ရုံသက်သက်မဟုတ်ကြဘဲ သီးပင်စားပင်များ၊ ဟင်းခတ်အမွှေးအကြိုင်များ ဖြစ်ကြ၏။ သို့သော် အရောင်အသွေးစုံစွာလှပနေကြသည်။ ထိုအပင်များနှင့်ဓာတ်ပုံတွဲရိုက်၍ရသလို အပင်များကိုမသိလျှင်လည်း ဆိုင်ဝန်ထမ်းလေးများကသေချာရှင်းပြပေးကြသည်။

Window Boxesများတွင်သာမက အရေးပေါ်လှေကားတွင်ပါ ရောင်စုံအပင်တို့ကနေရာယူထားကြသည်။ ပန်းပင်များမှာ ခရမ်းရောင်၊အနီရောင်၊အပြာရောင်စသည်ဖြင့် အရောင်အသွေးစုံလှသည်။

Rosemary(ကလျာဏီပင်)၊နှင်းဆီ၊ Oregano(တောရှုံးပင်)၊ Munstead (Cookingအတွက်အသုံးအများဆုံး Lavender၊ အလှဆင်၍ရသလို၊အနံ့အရသာအတွက်ပါသုံးသည်)၊ Thyme (စမုံဖြူ)၊တရုတ်နံနံ၊ပင်စိမ်းမွှေး စသည်စသည် အပင်များအပြင် နောက်ထပ်များစွာရှိသေး၏။

ခေါင်မိုးထပ်တွင်တော့ သီးပင်စားပင်တို့ကပိုစုံသည်။ သူအကွက်နှင့်သူစိုက်ထားရုံသာမက အချို့အပင်များကို အဆင့်များနှင့်စိုက်ထားပြီး နွယ်တက်တတ်သည့်အပင်များအတွက် စင်များပင်လုပ်ထားပြီးစိုက်ထားသေးသည်။ ထိုခေါင်မိုးထပ်သို့ တစ်နေ့လျှင် တစ်ဝိုင်းသာ တက်ခွင့်ရှိသည်။ Booking တစ်ရက်ကြိုယူရပြီး ထိုသူများထဲမှ မဲနှိုက်ကာရွေးချယ်ခြင်းဖြစ်၏။

ထိုခေါင်မိုးထပ်သည် M-Ferreaတွင်အလှပဆုံးနေရာဖြစ်ပြီး ထိုနေရာသို့လာဖို့အခွင့်အရေးရသူများသည် ထိုနေ့၏ VIP Customerဖြစ်ကာ ဝန်ဆောင်မှုအကောင်းဆုံးကိုရကြသည်မို့ နေ့စဉ်အပြိုင်အဆိုင် Bookingတင်ကြသူများကမနည်းကြ။ ပိုက်ဆံပုံပေးပြီးသွားလို့မရသည့်နေရာသည် M-Ferrea၏ ခေါင်မိုးထပ်ဖြစ်သည်ဟု ပြောစမှတ်ပြုကြ၏။

တည်Where stories live. Discover now