အခန်း - ၃၅

104K 6.1K 2.2K
                                    

Unicode//

ဘေဘေးတစ်ယောက် နိုးလာသည်နှင့် ခံစားလိုက်ရသည်က ခေါင်းထဲမှအတော်အတန်ထိုးကိုက်နေမှု။ တစ်ဖန် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်မိတော့...

"အ!"

နာကျင်မှုက ခန္ဓာကိုယ်တောက်လျှောက် စိမ့်ခနဲတက်လာသည်မို့ နှုတ်မှပင် ညည်းညူလိုက်မိသည်အထိ။ လက်တစ်ဖက်ဖြင့်လည်း ခါးကိုဖိထားလိုက်မိသည်။

ထိုအခါမှပင် ညကဖြစ်ရပ်တို့အားသတိရသွား၏။ လုပ်ချင်တာလုပ်ထားသည့်တရားခံကတော့ ဘယ်ဆီရောက်နေသည်မသိ။

ညက...အင်း နေတော့...

သူ့အဖြစ်ကိုပြန်တောင်မတွေးချင်ပါ။

ဘာတဲ့ ချစ်ဇနီးလေးဟုတ်လား?
ဖြူစင်တယ် ဟုတ်လား?
ငါသင်ပေးလို့ နမ်းတတ်သွားတာဟုတ်လား?

သောက်ကျိုးနည်း...ဒီကောင်ကြီးကို ဖြူစင်ပါတယ်လို့ ငါဘယ်လိုများတွေးခဲ့မိတာလဲဟ...

ဘေဘေး၏မျက်နှာသည် ညကအဖြစ်ဆိုးကိုတွေးရင်း ရှုံ့မဲ့နေတော့သည်။

ချီးပဲ...ဒါကြီးကသေအောင်နာတာ...
ဒါကိုပဲ Ficတွေထဲမှာ ညလုံးပေါက်တို့၊ ဘယ်နှစ်ချီမြောက်မှန်းမသိတို့၊ ကောင်းလွန်းလို့သေတော့မယ်တို့ဆိုပြီး ဘာလို့ရေးထားကြတာတုန်း...စာဖတ်သူတွေကို ဂျင်းထည့်ကြတာလား...

ဘာလဲ Sweet point? ဘယ်နားမှာလဲ သာယာမှု...သူနာမှာစိုးပြီး ဖြည်းဖြည်းလုပ်ပေးသွားတာတောင် သေအောင်နာတာကနာတာပဲ...နောက်တစ်ကြိမ်ဆိုရင်တော့ ဘယ်လိုနေမှန်းမသိပေမယ့် First timeကြီးကတော့ သူနည်းနည်းမှကြိုက်မနေ...အဲ နေစမ်း...ဘာကိုနောက်တစ်ကြိမ်လဲ...နောက်တစ်ကြိမ်ဆို အပေါ်ကပဲနေရအောင်ကြိုးစားမှာပေါ့...

ထိုစဉ်  တံခါးဖွင့်သံကြားရသည်မို့ကြည့်လိုက်တော့ အခန်းထဲဝင်လာသည့်သူ။ စိတ်ထဲသိပ်မကြည်သော်လည်း မကြည့်ဘဲမနေနိုင်သည်မို့ ခပ်တည်တည်နှင့်ကြည့်ပေးလိုက်တော့ သူ့ကိုလည်း ပြန်ကြည့်လာပြီးနောက် မျက်ဝန်းတို့ထက် အရိပ်တစ်ခုပြေးသွားသယောင်။ လက်ထဲတွင် ဗန်းတစ်ဗန်းကိုင်ထားသည်မို့ လှဲနေရင်းမှ ကြည့်လိုက်တော့ ပန်းကန်လုံးတစ်လုံးသာမြင်ရသည်။

တည်Where stories live. Discover now