အခန်း - ၂၀

99.4K 7K 1.8K
                                    

Unicode //

ဆေးရုံအတွင်းရှိ VIP Roomတစ်ခုထဲတွင် အမျိုးသားတစ်ယောက်သည် ကုတင်ထက်ငြိမ်သက်စွာ လှဲလျောင်းနေ၏။ ကုတင်နှစ်ဖက်လုံးတွင် ခုံတန်းရှည်တို့ရှိနေသော်လည်း တစ်ဖက်တည်းမှ ခုံတန်းရှည်တွင်သာ စုထိုင်နေကြသော အမျိုးသားတစ်ယောက်နှင့် ကလေးနှစ်ယောက်လည်းရှိ၏။ အခန်းလေးအတွင်း အသက်ရှူသံတို့သာ စိုးမိုးနေရာမှ ကလေးတစ်ယောက်က တည်ငြိမ်နေသောလေထုကို စ၍ဖြိုခွဲလာသည်။

"ဒယ်ဒီ...ပါပါးဘာမှမဖြစ်လောက်ဘူးမလား... ပါပါးက အရမ်းကျန်းမာတာ... ဒီလိုဖြစ်တာတစ်ခါမှမမြင်ဖူးဘူး...ပါပါး တစ်ခုခုတော့ အင့်..."

စကားပြောနေရင်း မျက်နှာလေးမဲ့ကျကာငိုသံပါလာသောကလေးကြောင့် ဘေးတွင် မျက်နှာတည်နှင့်ထိုင်နေကြသော အမျိုးသားနှင့်နောက်ထပ်ကလေးတစ်ယောက်မှာ ထိုကလေးလေးကိုကြည့်ပြီးခါးများပင်မတ်သွားကြ၏။

"နိုနို မငိုနဲ့..."

မျက်နှာသေလေးနှင့်တားလာသော အစ်ကိုဖြစ်သူကြောင့် နိုနိုပိုငိုချင်သွားသည်မို့...

"အင့် ဟီး...ကိုကိုကလည်း သားလည်းငိုချင်လို့ငိုနေတာမှမဟုတ်တာ...ပါပါးက အင့် ပါပါးက...ခုလိုကြီး အကြာကြီးမှလှဲမနေဖူးပဲ...နိုနိုက ကိုကို့လိုမှထိန်းမထားနိုင်တာ အင့် ဟီး..."

"...."

"...."

နိုနိုက အသံမတိုးမကျယ်လေးနှင့်ပိုငိုလာတော့သည်မို့ အခန်းတွင်း၌ နိုနိုလေး၏ငိုသံတို့သာလွှမ်းသွားတော့သည်။

"အင့် ပါပါးက နိုနိုဒီလောက်ဝမ်းနည်းနေတာတောင် နိုးမလာဘူး... ပါပါးကိုနှိုးဖို့ နိုနိုဘယ်လောက်အကြာကြီး ငိုရဦးမှာလဲ... ပါပါး နိုနို့ကိုအဲ့လိုကြီးပစ်မထားပါနဲ့...ဒယ်ဒီနဲ့ကိုကိုကလည်း နိုနို့ကိုမချော့ဘူး...သူတို့က နိုနို့ကို ကြည့်ပဲကြည့်နေကြတယ်... ပါပါးနိုးလာရင် နိုနိုကိုယ့်ဘာသာအငိုတိတ်မယ်လေလို့....အီး ဟီး..."

"...."

"...."

နိုနို၏ ငိုယိုကာ တိုင်နေသောစကားတို့ကြောင့် Kingနှင့်ဧကလေးတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည်။ မျက်လုံးသေလေးနှစ်စုံ စက္ကန့်အတော်ကြာအောင် ဆုံသွားကြပြီးနောက်...

တည်Where stories live. Discover now