အခန်း - ၈

77.4K 6.4K 1.8K
                                    

Unicode//

အတိတ်သို့တူးဆွခြင်း ၅

ဘေဘေးလေ့ကျင့်ခန်းလုပ်နေသည်။

ဒိုက်ထိုးသည်။ ဘားဆွဲသည်။ အလေးမသည်။ ပြေးသည်။ တစ်ကိုယ်လုံးတွင် ချွေးတို့ရွှဲရွှဲစိုနေတော့၏။

ရသည်။ ချွေးစိုတာအကြောင်းမရှိ။ ညတိုင်းအိပ်မက်စိုစိုတွေမက်နေရခြင်းကတော့ အကြောင်းရှိသည်။ ပိုဆိုးသည်က သူမှန်းထားသည့် Roleအတိုင်းမဟုတ်ခြင်း။

ချီးလိုပဲ...အိပ်မက်ကတောင်ငါ့ကိုသစ္စာဖောက်တယ်...

မွှေးပွတဘက်အဖြူလေးနှင့်ချွေးသုတ်နေရာမှ စိတ်ပေါက်ပေါက်ဖြင့် သဘက်ကိုလုံးကာပစ်ပေါက်မိသည်အထိ။

ထိုအိပ်မက်ကိုပြန်တွေးမိလေလေ၊ရင်ကနာလာလေလေ။

အိပ်မက်ထဲမှာတွေ့၊ ကုတင်ပေါ်ရောက်နေတာချင်းအတူတူ အိပ်ရေးပျက်ခံပြီးမက်နေရတဲ့သူက အသာစီးကဖြစ်သင့်တာပေါ့။ သူကပဲ တစ်ဖက်လူကို အသက်ရှူကြပ်တဲ့အထိဖိနမ်းပစ်မှာပေါ့။ ရင်ခွင်ထဲထည့်ဖို့အမြဲတွေးနေတာကသူပါ။ အဲ့ထဲမှာကျဘာလို့သူကပဲ ရင်ခွင်ထဲအထည့်ခံရတဲ့သူဖြစ်သွားရတာတုန်း။ သူနည်းနည်းမှလက်မခံနိုင်ဘူး။

တွေးမိလာလေလေ 'ငါနေရာလေး ငါ့နေရာလေး'ဆိုပြီးယူကြုံးမရဖြစ်လာလေလေပဲ။

ဒါကိုသိရင် ခင်ဗျားတို့ရယ်ကြမှာ ကျုပ်သိတယ်...ဒါပေမယ့်စဉ်းစားကြည့်ဗျာ... ခင်ဗျားတို့တောင် Ficတွေဖတ်လို့ ခင်ဗျားတို့မှန်းထားတဲ့ ဇာတ်ကောင်တွေက Roleလွဲသွားရင် ရင်ထုမနာဖြစ်ကြသေးတာပဲမဟုတ်လား.... ကျုပ်ကဘဝကြီးနဲ့ရင်းထားရတာဗျ....ခင်ဗျားတို့ထက်ဆယ်ဆရင်နာတယ်...

ဘာ! အချစ်မှာဒါတွေမလိုဘူး ဟုတ်စ?
လိုလိုမလိုလိုဗျာ...အခုရင်နာနေတယ်
ဘာမှလာမပြောနဲ့!

ဘေဘေးပူလောင်နေပါသည်။ Crushရယ်လို့ ဖြစ်ဖြစ်မြောက်မြောက်ရှိလာတဲ့အချိန်ကစပြီး မီးခဲကြီးကိုမျိုချထားရသည့်အတိုင်း။

အဲ...ကိုယ့် Crushက ရွှေရင်အေးလေးဖြစ်နေတာကတော့ ကုသိုလ်ကံပေါ့လေ။

သို့သော်ငြား သူ့ဘာသာရွှေရင်အေးဖြစ်နေတာကတစ်ပိုင်း ကိုယ့်ဘာသာပူလောင်နေရတာကတစ်ပိုင်း။ အရင်ကတော့ သူ့ကိုမရမှာစိုး၍ပူလောင်ရသည်။ ထပ်မတွေ့ရမှာစိုး၍ပူလောင်ရသည်။ ကိုယ်မရှိ၊မသိလိုက်တဲ့အချိန် သူများလက်ဦးသွားမှာစိုး၍ပူလောင်ရသေးသည်။

တည်Where stories live. Discover now