အခန်း - ၂၄

90.8K 6.5K 1.2K
                                    

Unicode//

The next day...

" ငါလိုက်ပို့မယ်"

" ငါပြန်လာမှာပါ"

"မင်းကဆေးရုံသွားရဦးမှာလေ...ငါအခုအိမ်လိုက်ပို့မယ်...မင်းလိုအပ်တဲ့ပစ္စည်းတွေကို အကုန်ထုပ်ပြီး ငါတစ်ခါတည်းယူထားမှာ...ပြီးရင် မင်းကို ဆေးရုံလိုက်ပို့မယ်...ညနေလာကြိုမယ်...မင်းကားကို ဒီမှာပဲထားခဲ့"

"နိုရာ"

"မသိဘူးကွာ...ငါစောင့်ရတာအရမ်းမုန်းတယ်...လာခေါ်မှာပဲ...မင်းလက်မခံရင် ဒီနေ့ဘယ်မှမသွားနဲ့တော့"

ထိုအခါ သက်ပြင်းချသံသဲ့သဲ့ကို ကြားလိုက်ရ၏။

"လက်ခံတယ်"

နှစ်ယောက်သားအပြင်သို့ အတူထွက်လာခဲ့လိုက်ကြ၏။ အိမ်တွင်တော့ ထူးမြတ်ကျန်ခဲ့တာမို့ ကလေးတွေကို ဘာမှမပြောခဲ့တော့။

King၏ Condo ကိုရောက်သွားပြီး အိပ်ခန်းထဲသို့ရောက်သွားသည့်အချိန်၌ ဘေဘေးတစ်ယောက် Kingအတွက်လိုအပ်သည်ထင်သမျှ အားလုံးကို Luggageထဲစုပြုံထည့်ပစ်လိုက်သည်။

ဆေးရုံသို့သွားရမည့်အချိန်မမှီမည်စိုး၍ Kingကိုရေချိုးခိုင်းလိုက်ကာ သူကတော့ ပစ္စည်းသိမ်းသည့်တာဝန်ကိုယူလိုက်၏။ ဘယ်ချိန်ပြန်လာယူယူရသည်မို့ မရှိမဖြစ်လိုအပ်သည့် အဝတ်အစားများကိုသာ အဓိက ထည့်လိုက်ရင်း အရွယ်အစားတို့ကိုပါတစ်ခါတည်းမှတ်လိုက်သည်။ ဗီရိုထဲမှ အဝတ်အစားများကို ရွေးထုတ်စဉ်တွင် တွေ့လိုက်ရသော အမွှေးထုပ်လေးများ။

ဘေဘေး ထိုအထုပ်လေးများအား အထူးအဆန်းလိုယူကာ မွှေးကြည့်လိုက်တော့ သူအရမ်းကြိုက်သည့် ကံ့ကော်သင်းနံ့လေးက မွှေးပျံ့စွာ။

သူတစ်ခါမှမမြင်ဖူးသည်မို့ အံ့ဩစွာကြည့်နေမိရင်း ချစ်ဖို့ကောင်းသည်ဟုတွေးလိုက်မိသည်။

ချောမောခန့်ညားလွန်းသည့် အဆုတ်အထူးကုဆရာဝန်ကြီးရဲ့ကိုယ်သင်းနံ့က ဒီလို အမွှေးအိတ်ပိစိလေးတွေထံမှလာသည်တဲ့လား။

အား ချစ်ဖို့ကောင်းလိုက်တာကွာ...

ဘေဘေးအသည်းယားစွာဖြင့် နှုတ်ခမ်းကိုအသာကိုက်ကာ ပြုံးလိုက်မိသည်။ ထိုအမွှေးအိတ်လေးများထဲမှ အချို့ကိုယူကာ Luggageထဲ ထည့်လိုက်ပြီးနောက် အခြား တိုလီမုတ်စများကိုလည်း လိုအပ်သည်ထင်တာနှင့် ကောက်ထည့်နေလိုက်သည်။

တည်Where stories live. Discover now