အခန်း - ၄၈

81K 5.4K 811
                                    

Unicode//

"ဒေါက်တာအာဏာသိဒ္ဓိတဲ့"

"ဘုရားရေ! ဒေါက်တာအာဏာက ဘယ်လိုဖြစ်ပြီး..."

"ဒေါက်တာကအရမ်းသဘောကောင်းတာ...ဒီလိုလူကိုမှ..."

ပြင်ပရှိ ယူကျုံးမရဖြစ်သံတို့နှင့် ငိုရှိုက်သံတစ်ချို့က အခန်းတွင်းမပြတ်ဝင်နေကြသည်။

"အသဲ စိတ်ထိန်း...စိတ်ကိုထိန်း"

"ဒေါက်တာဂျူနို ငြိမ်ငြိမ်နေပါ"

ကြောင်ရပ်နေသည့် သင်္ခါ့လက်မောင်းအား အသာလှုပ်ယမ်းကာသတိပေးလိုက်သောဂျူနိုကြောင့် ဒဏ်ရာကိုဆေးလိမ်းနေသည့်ဆရာဝန်အမျိုးသမီး၏သတိပေးသံက ထွက်လာ၏။

ဂျူနို၏သတိပေးလိုက်မှုနှင့် ဆရာဝန်မလေး၏အသံတို့ကြောင့် သင်္ခါတစ်ယောက် ကြောင်ရပ်နေရာမှအသိပြန်ဝင်လာသည်။

'ဒေါက်တာအာဏာသိဒ္ဓိ'ဟူသည့် ငိုရှိုက်သံတို့ကြားမှအသံသည် သူ့ခေါင်းထဲတဝဲလည်လည်ဖြစ်နေပြီး ခြေလှမ်းတို့ကချက်ချင်းကြွမရ။

မဟုတ်ဘူး...ခုချိန် ကိုကိုသူ့ကိုလိုနေမှာ...

အတွေးဝင်လာသည်နှင့် လက်မောင်းမှဂျူနို့လက်အားဆွဲဖယ်လိုက်မိပြီးနောက်...

"ဟာ! ဟေ့!"

"ဟေ့!"

"ခင်ဗျားတို့ လွှတ်စမ်း!!!"

"ခင်ဗျားဘယ်မှသွားလို့မရဘူး!!!"

ရုတ်တရက်ပြေးထွက်လိုက်သည့် သင်္ခါ့အား ဝတ်စုံပြည့်နှင့်အစောင့်နှစ်ယောက်က အားနှင့်ဆွဲချုပ်ကာ ထိန်းထားကြသည်။

"တောက်!!! ဖယ်စမ်း!"

"ခင်ဗျားလည်းသူ့လိုဖြစ်သွားနိုင်တယ်!!! ခုချိန်မှာ ခင်ဗျားကအန္တရာယ်အရှိဆုံးပဲ!!! နားလည်လား!!!"

တစ်ဖက်ကလည်း ဒေါသနှင့်ပြန်အော်လိုက်၏။

"သောက်ဂရုမစိုက်ဘူး!!!"

ထို့နောက် အတင်းရုန်းထွက်နေသောသင်္ခါ့ကို ထိုလူနှစ်ယောက်သည်လည်း ထိန်းထားရတာသိပ်မလွယ်။ အနည်းငယ်မှထိခိုက်ခံ၍မရသည်မို့ ချုပ်ထိန်းထားရုံမှလွဲ သူတို့လည်းဘာမှလုပ်မရ။

တည်Where stories live. Discover now