အခန်း - ၂၁

96.7K 6.8K 1.3K
                                    

Unicode//

"ဆင်းမယ်လေ မဆင်းဘူးလား"

"စောသေးတယ်"

"၁၅မိနစ်ပဲ လိုတော့တာပါ ကလေးရာ"

ပြောလိုက်တော့ မျက်တောင်ရှည်တို့ကပင့်တက်လာ၍ ထူးမြတ်ပါးစပ်ကိုပြန်ပိတ်လိုက်ရသည်။

ငါကိုက မနိုင်ဘဲရှည်နေမိတာ...

ထို့နောက် ၁၀ မိနစ်လောက်အလိုကျမှ...

"သွားမယ်"

"ဟင်! အင်း"

ပြောလည်းပြော ကားတံခါးကိုသူ့ဘာသာဖွင့်ကာ ဆင်းသွားသောလူကြီးပေါက်စလေးကြောင့် သူလည်း အမြန်ဆင်းကာလိုက်ရပြန်သည်။ နှစ်ယောက်သား ဘေးချင်းယှဉ်လျှောက်မိတော့ ကိုယ်အမြဲ ချီပိုးနေသည့် ကလေးငယ်သည် သူ့ပုခုံးကိုပင် အနည်းငယ်ကျော်နေပြီဖြစ်ကြောင်း သတိပြုလိုက်မိ၏။

ကလေးလေးတောင် တော်တော်အရွယ်ရောက်လာပြီပဲ....

တွေးကာပြုံးလိုက်မိတော့ သိသလိုလိုနှင့် ငဲ့ကြည့်လာသည်။ မျက်နှာနုနုလှလှလေးထက် မည်သည့်အရိပ်အယောင်မျှမရှိ။ အလိုမကျမှုများလည်းမရှိသလို တည်ငြိမ်နေသည်။ သို့သော် မျက်ဝန်းလေးများက သူ့ကိုစိုက်ကြည့်နေသည်မို့ မနေတတ်တော့။

"ဘာဖြစ်လို့လဲ"

"ဝမ်းအဆင်ပြေရဲ့လား"

"ဘာကိုလဲ"

"ကျွန်တော်လိုက်လာတာလေ"

"...."

ရုတ်တရက်ကြီးနာမ်စားပြောင်းသုံးလိုက်သော ဧကလေးကြောင့် ထူးမြတ်ထူးဆန်းသလိုဖြစ်သွားသည်။ ပြီးမှ 'ကလေးက လူပျိုလေးဖြစ်နေပြီ'ဟူသည့်အသိကိုချက်ချင်းပြန်ရိုက်သွင်းရ၏။ အမြဲ စိတ်ကြိုက်လုပ်တတ်သူက သူ့သဘောကိုမေးလာသည်မို့ ကျေနပ်ရပါသည်။ တစ်ခါမှ စိတ်မကွက်ခဲ့သော်ငြား ခုလိုလေးမေးလာတော့ ပို၍ပင်စေတနာပိုချင်မိလာသည်အထိ။

ထို့ကြောင့် မျက်နှာလှလှလေးအားကြည့်ကာပြုံးလိုက်ရင်း...

"ထူးထူးဆန်းဆန်းကွာ...ကလေးကြောင့် ကိုယ်အဆင်မပြေစရာမရှိပါဘူး...လာ ဝင်ကြမယ်"

တည်Where stories live. Discover now