အခန်း - ၂၉

82.7K 6.1K 1K
                                    

Unicode//

ကေတုသတီဟော်နန်း၏ စားတော်ပွဲတည်ခင်းရာအဆောင်သည် အသက်မဝင်ခဲ့သည်မှာ နှစ်ချီခဲ့ပြီဖြစ်သည်။ နှောင်းလူတော်တော်များများသည်ပင် တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးကြ။ သို့သော် ယနေ့တွင်တော့ ထိုအဆောင်တော်သည် ပြန်လည်သက်ဝင်လာခဲ့ပြီဖြစ်၏။

မဟာဒေဝီကိုယ်တိုင် ကြွရောက်ဧည့်ခံခြင်းကိုခံကြရသည့် ဧည့်သည်တော်လေးနှစ်ယောက်။ ထိုမျှမက စဝ်ခေါင်နှင့် နန်းဝတီတို့ကပါ ကြင်ယာတော်တို့နှင့်အတူ ကြွရောက်လာကြကာ သည်းသည်းလှုပ်ဧည့်ခံနေကြသေးသည်မို့ ထိုကလေးနှစ်ယောက်အား ဟော်နန်းတစ်ဝန်းလုံးရှိလူများအားလုံး စိတ်ဝင်တစားဖြစ်နေကြတော့သည်။

စားတော်ပွဲ တည်ခင်းကြရာနေရာတွင်တော့...

"အယ် နိုနို တကယ်ကြီး တို့ဖူးနွေးစားချင်နေခဲ့တာ...မနက်ကတောင် ကိုကို့ကို ပြောလိုက်သေးတယ်... ဟုတ်တယ်နော် ကိုကို"

"အင်း"

အစ်ကိုဖြစ်သူ၏တုံ့ပြန်သံအဆုံး နိုနိုကပြုံးလိုက်ကာ သူတို့အားကြည့်နေသည့် မဟာဒေဝီဘက်သို့လှည့်လိုက်ပြီး...

"ဘွားဘွားကြီး အရင်သုံးဆောင်ပါခင်ဗျ...ဘွားဘွားကြီး စသုံးဆောင်မှ သားတို့လည်း စ,စားရမှာမလို့ပါ"

နိုနို့အပြောလေးကြောင့် မဟာဒေဝီခေါင်းကိုအနည်းငယ်ငုံ့ကာ ပြုံးလိုက်တော့ စဝ်ခေါင်နှင့်ဝတီတို့သည် သူတို့၏အဘွားတော်ကိုကြည့်ပြီး တအံ့တဩဖြစ်ကုန်ကြသည်။ ထို့နောက်မှ သူတို့အားလုံးလိုက်ပြုံးမိကြပြီး ဘေးမှ အပျိုတော်တို့သည်လည်း သူတို့၏သခင်များကိုကြည့်ကာ လိုက်ပြုံးမိလိုက်ကြ၏။

မဟာဒေဝီက စတင်သုံးဆောင်ရန် တူကိုကောက်ကိုင်လိုက်တော့သည်။ မဟာဒေဝီ စားတော်ပွဲကိုစတင်လိုက်ပြီမို့ ကျန်သူများအားလုံးလည်း စားသောက်ဖို့ပြင်လိုက်ကြတော့သည်။ မောင်နှံနှစ်စုံသည် စားသောက်နေရင်း အခြေအနေကိုလည်း အကဲခတ်နေမိကြ၏။

ညီအစ်ကိုနှစ်ယောက်ကတော့ သပ်သပ်ရပ်ရပ်၊တည်တည်ငြိမ်ငြိမ်လေးတွေနှင့် အစားအစာကိုသာ အဓိကထားပြီး ဂရုတစိုက်စားနေကြသည်။ ကလေးနှစ်ယောက်လုံးသည် အထက်တန်းလွှာမိသားစုမှဆင်းသက်လာကြသည်မို့ နန်းမျိုးနွယ်တို့ကြားတွင်တောင်မှ အနည်းငယ်ပင်အနေခက်ကြပုံမပေါ်။

တည်Where stories live. Discover now