အခန်း - ၄

99.2K 7.1K 3K
                                    

Unicode //

(အတိတ်သို့တူးဆွခြင်း ၁)

Star Private High School

မြန်မာနိုင်ငံ၏ မင်းသား၊မင်းသမီးများစုစည်းရာကျောင်းဟု ခေါ်စမှတ်တွင်သည်။ High Bossတို့၏ သားသမီးများသာ ဝင်ခွင့်ရှိသော ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခု။ သင်ကြားမှုပုံစံများသည် တစ်ခြားကျောင်းများနှင့်မတူ။ သင်ကြားရေးအပြင် ကလေးများ၏ပျော်ရွှင်မှုနှင့်လုံခြုံရေးကိုပါ အပြည့်အဝတာဝန်ယူထားသောကျောင်းဖြစ်သည်။ တာဝန်မယူ၍လည်းမရ။ လာတက်သော ကလေးတိုင်းသည် နယ်နယ်ရရများမဟုတ်။ High Bossတို့၏သားသမီးများအပြင် နိုင်ငံတော်အကြီးအကဲတို့၏ သားသမီးများလည်းပါဝင်၏။

"ဘေးနိုရာ!!! မင်းဘာလို့ ကိုယ့်သူငယ်ချင်းခေါင်းကိုရိုက်ရတာလဲ!!!"

ထိုအသံသည် ၅တန်းကျောင်းသားများ ဂီတဆိုင်ရာတူရိယာများအကြောင်းကို လေ့လာနေသည့်အခန်းထဲမှထွက်လာသော ဂီတဆရာမ၏အသံ။

သူမ၏ဘေးတွင်တော့ ငိုနေသောကလေးအား အခြားကလေးများက ဝိုင်းဝန်းနှစ်သိမ့်နေကြသည်။ ထိုကလေး၏ မျက်နှာတွင်တော့ အနီစင်းတစ်ခုကထင်ရှားစွာ။ နားထင်မှပါးတောက်လျှောက်နီရဲနေကာ နှုတ်ခမ်းတွင်လည်းသွေးစို့နေသည်။ သူမ၏ရှေ့တွင်တော့ အံကြိတ်ကာ မျက်နှာလွှဲထားသောကလေးတစ်ယောက်။ Drumတီးသည့် Stickတစ်ချောင်းကို တင်းတင်းဆုပ်ထား၏။ မျက်လုံးအစုံကလည်းနီရဲနေသည်။

ဂီတဆရာမတစ်ယောက်အနေဖြင့် မိမိပိုင်နက်တွင်ဖြစ်သွားသည်မို့ ခေါင်းကျိန်းနေမိသည်။ မည်သူမှားမှန်းမသိရပေမဲ့ ကိုယ်ထိလက်ရောက်ပြုမူသောကလေးကိုသာ အော်လိုက်မိသည်။

ဒဏ်ရာရသွားသည့်ကလေးက တော်ရုံမိသားစုမှဆင်းသက်လာခြင်းမဟုတ်။ မြန်မာနိုင်ငံ၏ Top 5စာရင်းတွင် No.4ချိတ်သော မိသားစုမှဆင်းသက်လာသည့် တစ်ဦးတည်းသောသား။မိသားစု၏ သဲသဲလှုပ်အချစ်တော်။ မူလတန်းကတည်းကတက်လာခဲ့သည်မို့ ထိုကလေးပုံစံကိုသူမသိပါသည်။ အလိုလိုက်ခံရသောကလေးပီပီ ဗိုလ်ကျချင်သောစိတ်အနည်းငယ်ရှိသော်လည်း ဆိုးသွမ်းသည့်ကလေးမဟုတ်။

လုပ်သည့်ကလေးကျတော့ ဒီနှစ်မှကျောင်းပြောင်းလာခြင်းပင်။ စာသင်နှစ်၏ ၃လအတွင်း မည်သည့်ပြဿနာကိုမှမရှာခဲ့။ ဉာဏ်အရမ်းကောင်းသည့်အပြင် သွက်သွက်လက်လက်နှင့် စကားတတ်သည့်ကလေး။ ထိုကလေး၏ မိသားစုအကြောင်းတော့ သူမသိပ်မသိပါ။

တည်Where stories live. Discover now