အခန်း - ၅

86.9K 6.6K 1.7K
                                    

Unicode//

အတိတ်သို့တူးဆွခြင်း ၂

‘ဘယ်လိုမှမေ့မရနိုင်တဲ့အရာတစ်ခုကိုမေ့ဖို့
ဘယ်လိုလုပ်ရမလဲ’

ထို Captionနှင့်အတူ အောက်တွင် ကြောင်ဖြူလေးတစ်ကောင် မျက်နှာငယ်လေးနှင့်ထိုင်ပြီး အသနားခံနေသည့်ဓာတ်ပုံလေးတစ်ပုံပါ တွဲ၍ ပို့စ်တင်လိုက်သည်။

စက္ကန့်သုံးဆယ်လောက်စောင့်အပြီး Notiတက်လာသည်မို့ ဖွင်ကြည့်လိုက်၏။

‘မေ့မရဘူးဆိုတဲ့အရာ လောကကြီးမှာမရှိပါဘူး အချိန်တစ်ခုပဲလိုတာပါ ဖိုက်တင်း’

ထို Cmtကြောင့် သူနှာခေါင်းရှုံ့လိုက်မိသည်။

သူပြောမှလား ချီး....

ထိုစဉ် Cmtနှစ်ခုပြိုင်တက်လာသည်။ သူဝမ်းသာအားရကြည့်လိုက်ပြီးမှ လက်ခလယ်ကိုထောင်ပြီး Screenနှင့်ကပ်မိသည်အထိဖြစ်သွား၏။

ပထမCmtက...
‘ဟောဒီက ဆင်ဂယ်ပူပူနွေးနွေးလေးရမယ်
ဝယ်ကြဦးမလား’ ဆိုသည့် စာကြောင်းနှင့်အတူ Effectပေါင်းသောင်းခြောက်ထောင်ပိနေသည့် ဓာတ်ပုံတစ်ပုံကိုပါ တွဲမန့်ထားခြင်း။

ဒုတိယတစ်ကြောင်းကတော့
‘ကမ္ဘာမှာအရေးအကြီးဆုံးကမိဘပဲ’တဲ့။

သူစိတ်ကလေးကို ဆွဲဆန့်ထားပြီး ထပ်စောင့်နေလိုက်သည်။

စတုတ္ထမြောက်....

ပဥ္စမမြောက်....

ဆဌမမြောက်....

....

....

....

ချီးပဲ...တော်လိုက်တော့...
အကုန်ငါလုပ်ပြီးသားတွေချည်း...

စိတ်ပေါက်ပေါက်နှင့် ဖုန်းကို မွေ့ယာပေါ်ပစ်ချလိုက်ကာ ပက်လက်လှန်ချလိုက်သည်။ ထို့နောက် တစ်ခုခုကိုသတိရသွားဟန်ဖြင့် ပြန်ထလိုက်ပြီးစားပွဲခုံပေါ်တွင် စီထားသော စာအုပ်များထဲမှတစ်အုပ်ကို ဆွဲယူလိုက်၏။ စာအုပ်လေးကို သေချာကိုင်ကာ ခေါင်းအုံးထက် တယုတယတင်လိုက်ပြီးမှ ဖြည်းဖြည်းချင်းလှန်လိုက်သည်။

စာအုပ်ကြားထဲတွင်ရှိနေသည်က အဖိခံထားရ၍ ပြားကပ်နေသော ကံ့ကော်ပန်းလေးတစ်ပွင့်။

တည်Where stories live. Discover now