အခန်း - ၉

73.7K 6.4K 2.7K
                                    

Unicode//

အတိတ်သို့တူးဆွခြင်း ၆

ကျောင်း၏ ကျောင်းသားများသီးသန့် Private Groupထဲတွင် သတင်းများ၊ပုံများ ပလူပျံနေသည်။ အတိအကျပြောရလျှင် သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ခုအကြောင်းဖြစ်၏။ ဇာတ်ကြောင်းအရပြောရလျှင်တော့....

စဝ်မင်းနွယ်ဧကရာဇ်နှင့်စိုင်းခေးဆက်ကြာသည် ငယ်ချစ်များဖြစ်ကြသည်။ ကျောင်းကိုအတူလာကြပြီး အတူပြန်ကြသည်။ အတန်းထဲတွင်လည်းအတူထိုင်ကြသည်။ ထမင်းစားချိန်တွင်လည်း အမြဲမခွဲအတူရှိ၏။ ထိုနှစ်ယောက်ကြား ကြားဖြတ်ဝင်လာသူက ဘေးနိုရာဆိုသော ကျောင်းတော်၏ ဂျစ်ကန်ကန်မင်းသားလေး။

ပျော်ပျော်နေတတ်သော ဂျစ်ကန်ကန်မင်းသားလေးသည် စတွေ့ကတည်းက စဝ်မင်းနွယ်ဧကရာဇ်ကိုကြည့်မရ။ နှစ်ဦးနှစ်ဖက်အချင်းချင်းကြည့်မရကြပေ။ ဘေးနိုရာသည် စိုင်းခေးဆက်ကြာကိုအမြဲဂရုစိုက်သည်။ လိုက်စတတ်သည်။ အပြင်သွားတိုင်းစိုင်းခေးဆက်ကြာအတွက် မုန့်အမြဲပါတတ်သည်။ ထိုအချိန်တိုင်း စဝ်မင်းနွယ်ဧကရာဇ်သည် စိုင်းခေးဆက်ကြာကိုသဝန်တိုကာ မျက်နှာကတည်တင်းနေတတ်သည်။

ဘေးနိုရာသည် စဝ်မင်းနွယ်ဧကရာဇ်ကိုအမြဲရန်စတတ်၍ သူတို့နှစ်ယောက်တစ်ခါမှမတည့်။ ဘေးနိုရာက စိုင်းခေးဆက်ကြာကိုသဘောကျကြောင်း ဝန်ခံခဲ့ဖူးသည်။ ထိုအချိန်တွင် စဝ်မင်းနွယ်ဧကရာဇ်သည် အတန်းမှထွက်သွားကာ ဘေးနိုရာသည်လည်း နောက်မှလိုက်သွားခဲ့သည်။ စိုင်းခေးဆက်ကြာအတွက်ရန်ဖြစ်ကြဟန်တူ၏။ ထို့နောက်တွင်တော့ ဘေးနိုရာနှင့်စဝ်မင်းနွယ်ဧကရာဇ်ကြားမှမီးစသည် တစ်စထက်တစ်စတိုးပွားလာခဲ့သည်။

နောက်ဆုံးရရှိသည့်သတင်းများအရ စိုင်းခေးဆက်ကြာသည် စဝ်မင်းနွယ်ဧကရာဇ်ဘက်ကိုအလေးပါပုံရ၏။ ပုံများကိုတစ်ပုံချင်းကြည့်ပြီး ကိုယ့်အတွေးနှင့်ကိုယ်ဆုံးဖြတ်ကြပါဆိုသည့် Noteလေးဖြင့် ပို့စ်ကိုအဆုံးသတ်ထားကာ ဓာတ်ပုံများစွာဖြင့်တွဲတင်ထားသည်။

ထိပ်ဆုံးတွင် Kingက ခေးဆက်ကိုပွေ့ချီထားပုံ၊ ဘေဘေးက ထူးမြတ်လက်ကိုဆွဲကာနောက်မှလိုက်သွားပုံ၊ ဘေဘေးနှင့်ခေးဆက် မုန့်အတူဝယ်ကြပုံ၊ ဘေဘေးကခေးဆက်အတွက် မုန့်ဝယ်လာပုံများ၊ သူတို့အပြောအရ Kingကို ဘေဘေးရန်စနေသည့်ပုံများ၊ Kingက ဘေဘေးကိုစိတ်တိုနေပုံများ၊ ထို့နောက် Kingနှင့်ခေးဆက်ကျောင်းအတူလာပုံ၊ ဘေးချင်းကပ်ထိုင်နေသည့်ပုံများအပြင် ကန်တင်း၌ နှစ်ယောက်အတူထိုင်ကာစားနေသောပုံများပင်ပါသေး၏။

တည်Where stories live. Discover now