အခန်း - ၁၀

80.5K 6.3K 918
                                    

Unicode //

အတိတ်သို့တူးဆွခြင်း ၇

ကားပေါ်မှဆင်းပြီး ကျောင်းဝန်းထဲသို့ဝင်လာသည့်လမ်းတစ်လျှောက်လုံး ရှိရှိသမျှကျောင်းသားများအားလုံး၏ အာရုံက သူ့ဆီရောက်နေကြမှန်း ဘေဘေးခံစားမိသည်။

တကယ်တော့ ဒီလိုဖြစ်တာဘာမှမထူးဆန်း။ မကြည့်မှသာ ထူးဆန်းဦးမည်။

ဘာလို့ဆို သူဒီနေ့ လည်ကတုံးအဖြူနှင့်ကွက်စိပ်ပုဆိုးအညိုရောင်ကိုတွဲဖက်ကာဝတ်လာခြင်း။ ခြေအစုံတွင်လည်း ကတ္တီပါဖိနပ်အညိုရောင်၏ သဲကြိုးများက နို့နှစ်ရောင်ခြေခုံတို့ထက်ပနံသင့်စွာ။

အမြဲတမ်း Accessoriesမျိုးစုံတို့ဖြင့်ရှုပ်ယှက်ခတ်နေတတ်သော ကျောင်းတော်၏ ဂျစ်ကားလေးက ဒီလိုမျိုး တည်တည်ငြိမ်ငြိမ်၊ ရည်ရည်မွန်မွန်အရေခွံလေးကိုခြုံထားမှတော့ ဘယ်သူကမကြည့်ဘဲနေနိုင်မှာလဲ။ ဒါကအရေခွံသက်သက်ဆိုတာသိပေမယ့် ယောက်ျားလေးအချင်းချင်းတောင်မကြည့်ဘဲမနေနိုင်။ Biများနှင့်Gayများကတော့ မျက်လုံးများပင် Bling Blingဖြစ်ကုန်ကြ၏။

ဘေဘေးကတော့ ပတ်ဝန်းကျင်ကိုသိပ်ဂရုမစိုက်နိုင်။ အကြောင်းကတော့ ခါးမှပုဆိုးကိုသူမဝတ်တတ်။ မဝတ်တတ်ဘဲဘာလို့ဝတ်လာလဲလို့လာမေးရင်တော့ ပေးစရာအကြောင်းအရင်းများစွာရှိသည်။ ပြောရလျှင် ဒီပုဆိုးခါးပေါ်ဘာကြောင့်ရောက်လာလဲဆိုသည်ကစရမည်ပင်။

သိပ်တော့ထွေထွေထူးထူးမဟုတ်ပေမဲ့ ဒီနေ့က သူမွေးလာသည့်နေ့။ မွေးနေ့မှာ အစောကြီးထပြီးဆွမ်းလောင်းရမည်ဟူသော မာတာမိခင်၏ တစ်ချက်လွှတ်အမိန့်ကြောင့် သူ့မှာ မနက်အစောကြီးအိပ်ရာထရသည်။ ဒီဝတ်စုံကလည်း မေမေ့စနက်။ အတင်းဝတ်ခိုင်း၍ ဝတ်ရတော့ အလုပ်ရှုပ်သည်က ဖေဖေနှင့်သူ။

ငယ်ငယ်ကတည်းက ပုဆိုးတစ်ခါမှမဝတ်ခဲ့ဖူးတာမို့ ပုဆိုးကွင်းထဲဝင်ပြီး ဘာဆက်လုပ်ရမှန်းမသိ။ ဖေဖေပြသလိုကြိုးစားဝတ်ကြည့်သော်ငြား ကောက်စိုက်ဆင်းမည့်ပုံစံမျိုးသာထွက်လာသည်။ နောက်ဆုံး ဖေဖေကိုယ်တိုင်ဝတ်ပေးမှပုံကျပန်းကျရ၏။

တစ်ခါမှဒီလိုပုံစံမဝတ်ဖူးတာမို့ သန့်ပြန့်နေသောကိုယ့်ကိုယ်ကိုယ်မှန်ကြည့်ပြီးသဘောကျရတာလည်း အကြိမ်ကြိမ်။ Kingကိုသာ အရင်မတွေ့ခဲ့ရင် သူ့ကိုယ်သူသာ ပြန်Crushပြီး ချက်ချင်းလက်ထပ်ပစ်မိလောက်သည်။

တည်Where stories live. Discover now