~ 2 ~

9.4K 869 192
                                    

Unicode
_________

အိမ်ရှေ့က ဧည့်ခန်းထဲမှာ ကျွန်တော်တစ်ခါမှ မမြင်ဖူးသော လူများ။ ဖေဖေနဲ့မေမေ၏ ရွှန်းရွှန်းဝေနေသော ဧည့်ခံစကားတွေကြောင့် ဖေဖေ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လိမ့်မည်ဟုတော့ ခန့်မှန်းမိသည်။ ယောက်ျား၊ မိန်းမ ဘယ်နှစ်ယောက်ရှိသည်၊ သူတို့၏ ပုံပန်းသဏ္ဍာန်က ဘယ်လိုရှိသည်ဟု ကျွန်တော် ေမာ့မကြည့်ဖြစ်ပါ။ ကျွန်တော့်အလုပ်က လိမ္မော်ရည်ဖန်ခွက် သုံးခွက်ကို စတီးလင်ပန်းထဲ ထည့်ပြီး စားပွဲပေါ်ချပေးဖို့ဖြစ်သည်။

ပထမဦးဆုံး မြင်လိုက်ရတာက အဖြူရောင် ဇာအနားတပ် ဂါဝန်လေး။ ထိုဂါဝန်အောက်က ဖြူဖွေးသန့်ပြန်နေသော ခြေဖမိုးတစ်စုံ။ ကျွန်တော်နဲ့သက်တူ ရွယ်တူမိန်းကလေးတစ်ယောက်ပဲ ဖြစ်မည်ထင်သည်။

"သူလေးက သားအကြီးလေးလား"

ကျွန်တော် ခဏပဲခေါင်းမော့ပြီး ထိုအမျိုးသမီးကြီးကို ပြုံးပြလိုက်သည်။ပြီးတော့ စားပွဲပေါ်က လိမ္မော်ရည်ဖန်ခွက် တွေကိုပဲအကြည့်ပို့ထားမိသည်။ ထိုမေးခွန်း၏ အဖြေကို ကျွန်တော်မဖြေရဲပါ။ ဖေဖေနဲ့မေမေ၏ နှုတ်ထွက်စကားသည်သာလျှင် ကျွန်တော့်အဖြေဖြစ်ပါလိမ့်မည်။

"ဟုတ်တယ်။ ဒါလေးက သားကြီးလေ။ သားငယ်လေးကတော့ အပြင်သွားတယ်"

မေမေက ထုံးစံအတိုင်းပင် ကျွန်တော့်ဖြစ်တည်မှုကို 'မွေးစားသား' ဟု မည်သည့်အခါကမှ ကင်ပွန်းမတပ်ခဲ့။ နာမည် ခေါ်တာတောင်ရှားသည်။ သားကြီး ဟုအမြဲတမ်းနှုတ်ဖျားက တဖွဖွပြောတတ်သည်။ဖေဖေလည်း ထိုနည်းတူပါပင်။ သားကြီးနှင့်သားငယ် ဆိုပြီး သားနှစ်ယောက်ရှိခြင်းအပေါ် ဂုဏ်ယူစွာပြောတတ်သည်။

"ချောလိုက်တာနော်။ ပုံစံလေးက အေးအေးလေး။ Mr. Jeon တို့တွေက တကယ်သားသမီးကံကောင်းတာပဲ"

"ဒါပေါ့ဗျာ..သားကြီးက သိပ်လိမ္မာတာ"

ထို ချီးမွမ်းမှုအပေါ် ကျွန်တော် ပီတိဖြစ်သွားသည်ကတော့ အမှန်ပင်။သည်အိမ်ကို စရောက်ကတည်းက ကျွန်တော့်ခေါင်းထဲမှာ သံမှိုရိုက်ထားသလို စွဲနေသည်က ဖေဖေနဲ့မေမေအပါအဝင် ဂျောင်ကုကိုပါ ကျွန်တော်ကြောင့် စိတ်မညစ်ဖို့၊ပြဿနာမဖြစ်ဖို့ ဖြစ်သည်။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now