Extra - 1

6.1K 587 430
                                    

Unicode
_________

"အရသာရ​ှိတဲ့ ဟင်းပွဲတစ်ပွဲဖြစ်လာဖို့ အဓိက လိုအပ်တဲ့အရာ"

မေးခွန်းစာရွက်၏ နောက်ဆုံးမေးခွန်း စာကြောင်းကိုအသံထွက်ဖတ်လိုက်ရင်း ကျွန်တော် တစ်ချက် တွေသွားသည်။ ဘယ်အရာကများ အဓိကကျမလဲ။ ကျွမ်းကျင်မှုလား၊ လုံ့လဝိရိယလား၊ ဒါမှမဟုတ် ပါဝင်ပစ္စည်းတွေလား။ ကျွမ်းကျင်မှုရှိရုံနဲ့ရော ပြီးပြည့်စုံတဲ့ ဟင်းပွဲတစ်ပွဲဖြစ်လာမှာလား။

ထို့နောက် ကျွန်တော့်မျက်လုံးထဲ မြင်ယောင်လာသည်က မေမေ့အပြုံး။ သူ(မ) ချက်ထားသမျှ ကျွန်တော်တို့တွေ အားရပါးရ စားလျှင် သဘောတကျနဲ့ သိပ်ကိုပျော်ရွှင်နေသော မေမေ့အပြုံးပင်ဖြစ်သည်။ ပြီးတော့ ကျွန်တော့်ရဲ့ အမျိုးသား ဂျွန်ဂျောင်ကု။ ဘယ်လောက်ပဲ အလုပ်ပင်ပန်းနေပါစေ၊ ကျွန်တော့်အတွက်ဆို မငြီးမငြူနဲ့ ကြိုးစားပမ်းစား ချက်ပြုတ်ပေးတတ်တဲ့သူ။ အစားအသောက်ချက်ပြုတ်တဲ့အခါ သူရော မေမေရော နှစ်ယောက်လုံးမှာ အဓိကတူညီတဲ့အချက်တစ်ချက်ကို ကျွန်တော် စဥ်းစားမိသွားသည်။

'စေတနာ'... 'ချစ်ခြင်းမေတ္တာ'...။

ထိုစကားလုံးကို ခပ်သွက်သွက် ချရေးရင်း စိတ်လက်ပေါ့ပါးစွာဖြင့် လက်ပတ်နာရီကို တစ်ချက်ကြည့်မိလိုက်သည်။ စာတွေ့ရော လက်တွေ့ပါဖြေဆိုပြီးသည့် အရည်အချင်းစစ် စာမေးပွဲနောက်ဆုံးနေ့ဖြစ်သည်။

ဂျောင်ကုလည်း တက္ကသိုလ်မှ ဘွဲ့ရပြီးသည်ဖြစ်၍ ပြီးခဲ့သည့်နှစ်ကမှ ကျွန်တော်တို့လက်ထပ်ပြီးဖြစ်သည်။ အိမ်ထောင်သက် တစ်နှစ်အကြာသည်အထိ ကျွန်တော် ဘာလုပ်ရမလဲ ဆိုတာ သေချာမသိခဲ့။ ကုမ္ပဏီအလုပ်ကျပြန်တော့လည်း ကျွန်တော်သိပ်စိတ်မဝင်စား။ ရ,ထားသည့် ဘွဲ့နှင့်ဝါသနာက တစ်လမ်းစီဖြစ်နေသည်။ နောက်ဆုံး ကျွန်တော့်ဝါသနာကို ကျွန်တော် အသေအချာသိရှိပြီး နောက်မှာတော့ အိမ်မက်တွေဆီ အရောက်သွားဖို့ ခြေလှမ်းတစ်လှမ်းစခဲ့သည်။ အဲ့ဒါကတော့ စားဖိုမှူးဘာသာရပ်ကို ဒီပလိုမာအထိယူပြီး professional chef တစ်ယောက်ဖြစ်လာဖို့ဖြစ်သည်။ ပြီးရင်တော့ ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ဖို့ စိတ်ကူးထားသည်။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now