~ 13 ~

9.8K 727 400
                                    

Unicode
_________

ဒီနေ့နဲ့ဆို သုံးရက်မြောက်နေ့။

သူနဲ့ဖုန်းပြောတုန်းက ဒီနေ့ပြန်လာမယ်လို့ သေချာ​ပြောခဲ့တာပါ။ ယခုနေ့လည်အထိ သူ့အရိပ်အယောင်တောင် မတွေ့ရသေးသောအခါ ကျွန်တော် နေမထိထိုင်မသာ ဖြစ်ချင်နေပြီ။ ယခင်က သူမရှိလည်း ကျွန်တော်နေနိုင်မယ်လို့ သေချာပေါက်တွက်ခဲ့ပေမယ့် တကယ်တမ်းကျတော့ ထင်သလိုဖြစ်မလာခဲ့။ နေ့တိုင်းလုပ်ရိုးလုပ်စဥ် အလုပ်တွေကို ဟန်မပျက်လုပ်နေရပေမယ့် တစ်စုံတစ်ခုလစ်ဟာနေသလိုမျိုး ခံစားရသည်။ ထိုအရာက ငွေကြေးလည်းမဟုတ်၊ အရာဝတ္ထုပစ္စည်းလည်း မဟုတ်။

သူ.....။

သူ့မျက်နှာကို မြင်ရရင် ထိုအရာအာလုံးပြေပျောက်သွားလောက်သည်။ ကျွန်တော့်နှလုံးသားက လစ်ဟာနေတဲ့ ကွက်လပ်တစ်နေရာကို သူတစ်ယောက်ကသာ ဖြည့်ဆည်းပေးနိုင်မည် ထင်သည်။ မဖြစ်သင့်မှန်း သိတဲ့ကြားက ကျွန်တော် သူ့ကို နင့်နင့်သီးသီး ချစ်မိနေပြီ။

"သားကြီးရေ...မင်းညီလေး ပြန်လာပြီ"

"ဟင်! တကယ်....."

ဧည့်ခန်းက မေမေ့ခေါ်သံကြောင့် ကျွန်တော်ဟန်ဆောင်ဖို့ပင် မေ့သွားသည်။ လက်ထဲက ဖတ်လက်စ စာအုပ်ကို လွှတ်ချခဲ့ပြီး အိမ်ရှေ့ကို မပြေးရုံတမယ် ခြေလှမ်းများဖြင့် ထွက်လာခဲ့သည်။ ကျွန်တော် အရမ်း လွမ်းနေခဲ့တာ။

"လာ...သားကြီး။ မင်း ဘွားဘွားက သားကြီးဖို့ စပျစ်သီးတွေ ထည့်ပေးလိုက်တယ်"

မေမေက စားပွဲပေါ်မှာ ချထားတဲ့ စပျစ်သီးထုပ်ကို မြှောက်ပြရင်းဆိုသည်။ ကျွန်တော် မြင်ချင်နေတာထိုအရာတွေမဟုတ်။ သူ့ကို မတွေ့ရတော့ ရင်ထဲဟာသွားသည်။ သူက အခန်းထဲဝင်ပြီး အဝတ်လဲနေဟန်တူသည်။ ခဏကြာတော့မှ အိမ်နေရင်း ဘောင်းဘီတို၊ စပို့ရှပ်ခပ်ပွပွနှင့်အတူ အခန်းထဲက ထွက်လာသည်။

"အဟမ်း..."

ကျွန်တော့်ကို မြင်တော့ သူ့မျက်နှာမှာ အရိပ်တစ်မျိုးဖြတ်ပြေးသွားသည်။ သူ ပြုံးလိုက်တာလား။ဟင့်အင်း...မဟုတ်သေးဘူး။ အပြုံးဟု အဓိပ္ပါယ်ဖွင့်ရလောက်တဲ့အထိတော့ သူ့နှုတ်ခမ်းပါးတွေက ပြုံးမနေ။ မျက်ဝန်းတွေကသာ ပြုံးယောင်သန်းပြီး နှုတ်ခမ်းက ခပ်တင်းတင်းစေ့လျက်။ ဒီလိုအပြုံးမျိုးကို သူတစ်ယောက်ပဲ ပြုံးတာမြင်ဖူးသည်။ မထိတရိနဲ့ ကြည့်ကောင်းနေတာကိုတော့ ကျွန်တော်မငြင်းလိုပါ။ သူကကျွန်တော့်ကို ဖျတ်ကနဲသာ တစ်ချက်ကြည့်ပြီး မေမေ့ရှေ့က ထိုင်ခုံပေါ်မှာ ခြေပစ်လက်ပစ် ဝင်ထိုင်သည်။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now