~ 16 ~

8.1K 724 388
                                    

Unicode
_________

သည်တစ်ခေါက် ဖေဖေ အိမ်မှာ နားသည့်ရက်တွင် ကျွန်တော်တို့ ဆူရှီလုပ်စားဖြစ်သည်။ မွေးရပ်မြေ ဘူဆန်၏ အငွေ့အသက်များရသော ပင်လယ်စာများကို ဖေဖေက အလွန်နှစ်သက်သည်။ အိမ်မှာ ဖေဖေနဲ့
ဂျောင်ကုပဲ ဘူဆန်စကားတတ်သည်။ ကျွန်တော်နဲ့မေမေက သိပ်မပြောတတ်။တစ်ခါတစ်လေ သူတို့သားအဖချင်း ဘူဆန်​လေသံနဲ့ ရယ်ကာမောကာ ပြောနေလျှင် မေမေက မျက်စောင်းထိုးတတ်သည်။ ကျွန်တော်ကတော့ ဂျောင်ကုရဲ့ ဘူဆန်သံဝဲဝဲလေးကို ချစ်သည်။ သဘောကျသည်။ ပြောရင်း ဆိုရင်းတောင်လွမ်းလာပြီ။

"မေမေ ဘာတွေလုပ်"

ဟော...သူလာပြီ။

အကျီလက်တို မီးခိုရောင် ခပ်ပွပွတစ်ထည်၊ ဒူးဖူးရုံဘောင်းဘီတိုကလေးနဲ့။ ကြွက်သားများဖြင့် မောက်နေသော ရင်အုံက အကျီအောက်တွင် ခပ်မောက်မောက်ရှိနေသည်။ ငယ်ငယ်ကတည်းက အားကစားလိုက်စားသူမို့ ယခုအရွယ်ရောက်လာသောအခါ သူ့ခန္ဓာကိုယ်က ကျွန်တော်နဲ့ယှဥ်လိုက်တော့ သိသိသာသာ ကွာသွား၏။ အရပ်က မတိမ်းမယိမ်းပင်ဖြစ်သော်လည်း ကျွန်တော့်ခန္ဓာကိုယ်က ခပ်ပါးပါးသွယ်သွယ်ဖြစ်၏။ သူ့လောက်တော့ မဟုတ်ပေမယ့် ကျွန်တော်လည်း gym ဆော့တာမို့ ယောက်ျားလေးတစ်ယောက်ရှိသင့်သည့် ခန္ဓာကိုယ် အနေအထားရှိသည်။သို့သော် သူဖက်လိုက်လျှင်တော့ ကျွန်တော့်တစ်ကိုယ်လုံး မြုပ်လုမတတ်။

"မင်းအဖေ နားတုန်းလေး ဆူရှီလုပ်ကျွေးမလို့လေ သားငယ်"

"ေကာင်းတာပေါ့"

ဂျွန်ဂျောင်ကု၏ သရုပ်ဆောင်စွမ်းရည်ကတော့ အော်စကာဆု ရလောက်သည်။ အခုလည်း ကြည့်..ကျွန်တော် တစ်ယောက်လုံး မေမေ့ဘေးထိုင်နေတာကို တစ်ချက်မှတောင် မကြည့်ဘဲ ေမမေ့ကိုသာစကား တပြောပြော။ ကျွန်တော့်ကိုကျ ဂရုမစိုက်သလိုလို၊ မမြင်သလိုလိုနဲ့။တစ်ခါတစ်လေ အရေးမလုပ်လွန်းလို့ တကယ်မချစ်ဘူးလား ဟုတောင် သံသယဝင်ရလောက်တဲ့အထိ ဂျွန်ဂျောင်ကုတို့က မှင်သေသည်။

ဣန္ဒြေကြီး တစ်ခွဲသားနှင့် ကျွန်တော့်ဆီတောင် အကြည့်တစ်ချက်ရောက်မလာသော သူ့ကို ကျွန်တော်အမြင်ကပ်လာရကာ..

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now