~ 20 ~

11K 757 538
                                    

Unicode
_________

ကျွန်​ေတာ် ညက ဆင်တက်နင်းခံရသည်ဟု အိမ်မက်သည်။ လက်တွေ ခြေထောက်တွေ ကျိုးကြေကုန်ပြီးတစ်ကိုယ်လုံး လှုပ်မရပြုမရဖြင့် တဆစ်ဆစ်နာကျင်ကိုက်ခဲနေသည်။ အသိစိတ်ကပ်လာသည်နှင့် တစ်ပြိုင်နက် လက်ချောင်းလေးတွေကို ဦးစွာလှုပ်ရှားကြည့်သည်။ပြီးတော့ ခြေထောက်နှစ်ဖက်၊ အလေးတုံးတစ်ခုခု တင်ထားသလို လေးတစ်နေသော ခါး၊ မည်သည့်ခန္ဓာကိုယ် အစိတ်အပိုင်းကိုမှ ချက်ချင်း လှုပ်ရှားမရ။ စိတ်သွားတိုင်း ကိုယ်မပါတော့သော ကျွန်တော့် ခန္ဓာကိုယ်။ ဟုတ်တယ်...တကယ်ပဲ ဆင်နင်းခံလိုက်ရပြီ။

"အ့.....ကျွတ်..ကျွတ်!!"

လှုပ်လိုက်တိုင်း ဆစ်ကနဲ မျက်သွားသော ခါးကြောင့် အသံခပ်တိုးတိုးပင် ငြီးလိုက်မိသည်။ စောင်ကို အသာဟကြည့်လိုက်တော့ ကျွန်တော့်ကိုယ်ပေါ်မှာ ချည်သားဘောင်းဘီ အပွတစ်ထည်ရယ်၊ ရှပ်အကျီတစ်ထည်ရယ်ရှိနေသည်။ ဒါတွေက ညကဝတ်အိပ်ခဲ့တဲ့ အဝတ်အစားတွေ မဟုတ်။အစအဆုံး သူပဲလုပ်ပေးထားတာ ထင်သည်။

ညက အဖြစ်အပျက်တွေကို မြင်ယောင်မိတော့ ကျွန်တော့်တစ်ကိုယ်လုံးက အငွေ့တထောင်းထောင်းထ,လာပြီ ဟုတောင်ထင်ရသည်။ တော်ရုံနဲ့ မပြီးဆုံးနိုင်တဲ့ သူ့အချစ်ခရီးက ဘယ်လောက်တောင် ရှည်ကြာလိုက်သလဲလို့။ တော်ပါပြီ...။ ပြန်တွေးလိုက်ရင် အငွေ့ပြန်ချင်စိတ်တောင် ပေါက်လာသည်။

အခုလောလောဆယ် သူ့မျက်နှာကို ကျွန်တော်ဘယ်လို ကြည့်ရပါ့မလဲ။ အဲ့ဒါကမှ တကယ့်ပြဿနာ။ရှိတာကမှ လူ​လေး နှစ်ယောက်ကို သူနဲ့မျက်နှာချင်းမဆိုင်ဖို့ကျပြန်တော့လည်း ဘယ်လိုမှမဖြစ်နိုင်ပြန်။ ဒါဆို ဘယ်လိုလုပ်ရမလဲ။သူ့မျက်နှာကိ​ု မကြည့်ဘဲနေပြန်ရင်ရော။ဟုတ်တယ်...ကျွန်တော် သူ့ကို မကြည့်ဘူး။

ကြည့်စမ်း..အိပ်တာတောင် ဘယ်လောက် အသားယူလိုက်သလဲလို့။ ခါးပေါ်မှာ သူ့လက်ကို တင်ပြီးဖက်ထားသေးတာ။ ထိုလက်တို့ကို ကျွန်တော် အသာဖယ်ရှားပစ်လိုက်ပြီး ကုတင်ပေါ်ကနေ အသံမမြည်အောင် ခပ်ဖြေးဖြေး ခြေထောက်ချလိုက်၏။ ကျွန်တော်အခုမှ သတိထားမိသည်။ အိပ်ရာခင်းတွေ စောင်တွေက ညကအရောင်မဟုတ်။အကုန်အသစ်တွေချည်း လဲထားတာ။ ညကဘယ်အချိန်အိပ်ပျော်သွားလဲတောင် ကျွန်တော်မမှတ်မိတော့ပါ။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now