~ 3 ~

8.8K 876 196
                                    

Unicode
_________

ပြဿနာက ကျွန်တော် တက္ကသိုလ် တက်သည့် အချိန်တွင် အစပြုသည်။

"သားကြီးရေ..ပြင်ဆင်ပြီးပြီလား"

မေမေ့ အသံကြောင့် အဝတ်အစားလဲပြီးသည်နှင့် ကျွန်တော် အောက်ထပ်ကို ဆင်းလာခဲ့သည်။ မေမေက ကျွန်တော့်ကိုမြင်တော့ ပီတိဝေဖြာသော အပြုံးဖြင့်ကြည့်သည်။ မိခင်ရင်းတစ်ယောက်နှင့်မခြား ကျွန်တော့်အပေါ် ထားသော မေတ္တာများက ဒီတစ်သက်ဆပ်ရင်တောင် ကျေနိုင်မည်မထင်ပါ။

"ငါ့သားကြီးက တအားချောတာပဲ။ ကြည့်စမ်း ဒီအကျီလေးနဲ့ အရမ်းလိုက်တယ်"

မေမေက ကျွန်တော့်ကို ငါးနှစ်သားလေးလို ခေါင်းလေးပုတ်လိုက် ပါးနှစ်ဖက်ကိ​ု ဖျစ်ညှစ်လိုက်နှင့် မချင့်မရဲ ဖြစ်နေပုံရသည်။ပြီးတော့မှ ကျွန်တော့် နဖူးကို မွှေးကာ အိမ်ရှေ့အပေါက်ဝကို ရောက်သည်အထိ မျက်စိတဆုံးကြည့်ရင်း ကျန်ရစ်ခဲ့သည်။

ထိုအချိန်မှာပင် ပြဿနာက စသည်။

တံခါးအကွယ်ကနေ ရုတ်တရက်ထွက်လာပြီး ကျွန်တော့်ရှေ့မှာ ပိတ်ရပ်လိုက်သူကြောင့် ကျွန်တော် လန့်သွားသည်။ သူ့မျက်လုံးတွေက ကျွန်တော့်တစ်ကိုယ်လုံးကို တစ်ချက်ကြည့်သည်။ပြီးတော့ အလိုမကျသလိုဖြင့် မျက်မှောင်တွေ တွန့်ချိုးသွားကာ လက်ပိုက်ပြီး တံခါးကိုမှီပြီး ကြည့်သည်။ တစ်ကိုယ်လုံး မှီထားတာမျိုးမဟုတ်ဘဲ ပခုံးတစ်ဖက်ကိုပဲ ယိုင်ပြီးမှီထားတာမို့ သူ့ခန္ဓာကိုယ်က အချိုးအစားကျပြီး ကြည့်ကောင်းနေသည်။

သူ့ ဆံပင်စတွေက မျက်ခုံးနက်နက်ပေါ်တွင် မထိတထိဖွာလန်ကြဲနေကာ ရှပ်အကျီအနက်ရောင်လက်တိုကို ဘောင်းဘီထဲထည့်ဝတ်ထားမို့ တစ်မျိုးအမြင်ဆန်းနေသည်။ ဒီရက်ပိုင်းတွေထဲမှာ ဒီကောင်လေး အပြုအမူတွေ အမူအကျင့်တွေက လူကြီးဆန်လာသည်။ ပြီးတော့ သူ့အကြည့်တွေ။ သေသေချာချာ အဓိပ္ပါယ်မဖော်တတ်ပေမယ့် ညီငယ်လေးတစ်ယောက်ကို အစ်ကိုကြီးက ကြည့်နေသလိုမျိုး။

သူ့အကြည့်တွေကြောင့် ကျွန်တော်မနေတတ်,မထိုင်တတ်ဖြစ်လာကာ ပခုံးပေါ်က ကျောပိုးအိတ် ကြိုးကိုပင် ယောင်ယမ်းပြီး ဆုပ်လိုက်မိသည်။ တကယ်ဆို သူ့မျက်နှာကို စေ့​ေစ့ပြန်ကြည့်လိုက်ရမှာ။ ဒါပေမယ့် ကျွန်တော်ရဲရဲတင်းတင်းပြန်မကြည့်ရဲ။ အခုတ​လော
သူနဲ့အကြည့်ချင်း ဆုံလိုက်တိုင်း အသက်ရှုမဝချင်သလိုလို, အသက်ရှုကျပ်သလိုလို ဖြစ်ချင်လာသည်။ ကျွန်တော် နှလုံးရောဂါ ဖြစ်ချင်လို့များလား။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now