~ 9 ~

9K 790 356
                                    

Unicode
_________

ကျွန်တော့်ခြေထောက်များသည် ဘယ်လောက် အရှိန်နှုန်းနဲ့ သွားမိနေမှန်းတောင် မသိ။ မဟုတ်ဘူး..ကျွန်တော် ပြေးနေမိတာ။ မေမေ ဘယ်လိုပုံစံနဲ့ ကျန်နေခဲ့သည်ကို ဂရုမစိုက်နိုင်အား။ ဒီကောင်လေးကြောင့် အခုကတည်းက ကယောက်ကယက်တွေ ဖြစ်နေပြီ။ နောက်ဆို ဘယ်လောက်တောင်များ ရင်တုန်စရာ ကိစ္စတွေ ဖြစ်လာဦးမယ်မသိ။

"ဂျောင်ကု.."

အခန်းတံခါးက သော့ခတ်မထား။ ပွင့်နေသည်။ သူ ရောက်နေပြီလား။

မှောင်မဲနေသည့် အခန်းထဲမှာ ကျွန်တော့်ခမျာ အကန်းတစ်ယောက်လိုပင် ဟိုစမ်းစမ်း, ဒီစမ်းစမ်းလုပ်ရင်း သူ့နာမည်ကို နောက်တစ်ခေါက် ခေါ်လိုက်သည်။

"ဂျောင် ကု.."

"အမယ်လေး....အ မေ..."

အခန်းထောင့်စွန်းက မဲမဲသဏ္ဍာန်တစ်ခု ရုတ်တရက်ထွက်လာပြီး ကျွန်တော့်လက်ကောက်ဝတ်ကို လာဆွဲလိုက်တာကြောင့် အော်လိုက်မိခြင်းဖြစ်သည်။ သို့ရာတွင် ကျွန်တော့်အော်သံ မဆုံးခင်မှာပင် လက်ဖဝါး တစ်ဖက်က ပါးစပ်ကို လာပိတ်သည်။

"ရှူး...တိုးတိုး"

သူက ဖုန်း flash မီးကို ဖွင့်ပြီး နှုတ်ခမ်းပေါ် လက်တင်ပြီး အချက်ပြသည်။ ထိုသို့တိုင် ကျွန်တော့်ရင်တုန်မှုက ပျောက်မသွာ။ သူက ကျွန်တော်နဲ့မျက်နှာချင်းဆိုင် ရပ်ပြီး ဖုန်းကို ဘေးက စားပွဲပေါ် တင်လိုက်သည်။ မီးရောင်ကြောင့် သူ့မျက်နှာ တစ်ခြမ်းတွင် အလင်းကျရောက်နေသည်။တိုစိပ်စိပ် မျက်တောင်များ၏ အရိပ်က သူ့ပါးပြင်ပေါ်မှာ ထင်ဟပ်နေသည်။ အမြဲတစေ ခပ်တင်းတင်း စေ့ပိတ်ထားသော နှုတ်ခမ်းပါးလှပ်လှပ်၊ ထင်းနေသော မေးရိုးများကြောင့် ညအမှောင်ထဲမှာတောင် သူကကြည့်ကောင်းနေသည်။

"မေမေ သိသွားပြီ။ ငါတို့အပြင်ထွက်ရအောင် ဂျောင်ကု"

"အပြင်ထွက်ရင် ခင်ဗျားက ကျွန်တော့်ကို အနားမှအကပ်မခံတာ"

"မဟုတ်ဘူး...ငါ..."

ထိုအခိုက်မှာပင် အခန်းရှေ့က ခြေသံကြောင့် သူရော ကျွန်တော်ရော စကားစ,ပြတ်သွားပြီး အခန်းရှေ့ကို ပြိုင်တူကြည့်လိုက်မိသည်။ သူလည်း အနည်းငယ်ထိတ်လန့်သွားပုံတော့ရသည်။ သို့သော် သူက သူ့ပုံစံအတိုင်းပင်။ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် ဖုန်းမီးကို ပိတ်လိုက်ပြီး ကျွန်တော့်ခါးကို လက်တစ်ဖက်ဖြင့် ဆွဲယူပြီး သူ့ကိုယ်နဲ့ ကပ်ပစ်လိုက်သည်။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now