~ 18 ~

8.2K 759 529
                                    

Unicode
_________

တစ်ခုကို ပိုင်ဆိုင်ချင်ရင် တစ်ခုကိုစွန့်လွှတ်ရမယ် ဆိုသလိုပေါ့။ အားလုံး စိတ်ချမ်းသာဖို့အတွက် ကျွန်တော့်နှလုံးသားနဲ့ လဲလှယ်ယူခဲ့တယ်။ ဂျောင်ကုရော ကျွန်တော်ရော နာကျင်ရမှာ အသေအချာပေမယ့် အချိန်ဆိုတဲ့ဆေးကပဲ အဲ့ဒီဒဏ်ရာတွေကို ကုစားသွားလိမ့်မှာ။ ကျွန်တော့်ထက် အစစအရာရာ သာလွန်တဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့တဲ့အခါ ကျွန်တော့်ကို ချစ်ခဲ့ဖူးတယ်ဆိုတာ သူ့အတွက် ပုံပြင်တစ်ပုဒ်အဖြစ်နဲ့ အဆုံးသတ်သွားမှာပါ။

နံနက်စာ ကော်ဖီဝိုင်းက တိတ်ဆိတ်ခြောက်ကပ်နေသည်။အားလုံး၏ မျက်နှာတွေက အေးစက်တင်းခဲ မာကြောလျက်။ ဂျောင်ကုကိုလည်း မိုးလင်းကတည်းက မတွေ့ရ။ အိမ်ကနေထွက်သွားတာမျိုးတော့ မလုပ်လောက်ဘူးထင်ပါသည်။

"အစ်ကို...ကော်ဖီယူဦးမလား။ သားကြီး ..စားလို့ကောင်းလား။ မေမေဘာလုပ်ပေးရမလဲ"

မေမေကတော့ အိမ်ထောင်ရှင်မကောင်းပီပီ သားအဖကြား ဆက်ဆံရေးကို သည်ထက်ပိုပြီး အေးစက်မသွားအောင် ကြိုးစားရှာပါသည်။ ဖေဖေကတော့ ဘာမှမပြော။ ကျွန်တော့်ကိုပဲ စိုက်ကြည့်နေတာကြောင့် အနေရခက်စွာဖြင့် ကော်ဖီပန်းကန်လုံးကိုပဲ အကြည့်ပို့ထားလိုက်သည်။

"သားကြီး.."

"ဗျာ...ဖေဖေ"

"ဆယ်ယွန်းလေးကို ဘယ်လိုသဘောရလဲ"

'ဘယ်လိုမှ သဘောမရပါဘူး' လို့ပြောလိုက်ရင် ဖေဖေစိတ်ဆိုးသွားမလား။ ကျွန်တော် ရင်နာနာနဲ့ ပြုံးလိုက်မိသည်။ ဒါက ဝတ္တရားကျေရုံ ဟန်ပြ မေးခွန်းသက်သက်ပါပဲ။ တကယ်ဆို လူကြီးတွေ စီစဥ်အတိုင်းပဲ တသွေမတိမ်းလက်ခံရမှာကို သိနေနှင့်ပြီးသားကို ကျွန်တော့်သဘောကို မေးတော့ရော ဘာများ ထူးခြားလာမှာမို့လဲ။

"ကျွန်တော့် သဘောက ဖေဖေ့တို့သဘောပါပဲ"

၂၁ရာစုမှာ အချစ်မပါဘဲ မိဘပေးစားလို့ ယူရတယ်ဆိုတာ မရယ်ရတဲ့ ဟာသတစ်ပုဒ်လိုမျိုး။ ေဂျာင်ကုနေရာမှာ ကျွန်တော်သာဆိုလည်း အပြင်းအထန်ငြင်းဆန်မိဦးမှာ။ ယခုတော့ ကျွန်တော်ကမွေးစားသားဆိုတဲ့ စိတ်က အရာရာတိုင်းကို အားနာမိနေတာ။ ဘယ်လိုပဲပြောပြော မွေးစားသားဆိုတဲ့အဖြစ်မှန်ကြီးက ပျောက်သွားမှာမှ မဟုတ်ဘဲလေ။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now