~ 17 ~

7.1K 718 408
                                    

Unicode
_________

"ဂျွန်ဂျောင်ကု"

တိုးညှင်းသော အသံပင်ဖြစ်သော်လည်း ကျွန်တော့်နားထဲတွင် ဗုံးတစ်လုံးပေါက်ကွဲသွားသလို ကျယ်လောင်စွာ မြည်ဟီးသွားသည်။ အနှစ် ၂၀ ကျော်လုံး စောင့်ထိန်းလာခဲ့သော သားလိမ္မာဆိုတဲ့ ဂုဏ်ထူးကို အရှင်လတ်လတ်စွန့်ပစ် လိုက်ရသလိုမျိုး။ မေမေ့မျက်နှာကို ကျွန်တော်ဘယ်လို အင်အားမျိုးနဲ့ ကြည့်ရပါ့မလဲ။

ကြေကွဲခြင်း၊ ရှက်ရံွ ့ခြင်းဇောအဟုန်တို့က အသိစိတ်တစ်ခုလုံးကို ဝါးမျိုကာ ခြေဖျားလက်ဖျားများတွင် သွေးမလျှောက်တော့သလို ခံစားရသည်။ ကျွန်တော့်လက်ကို အတင်းဆုပ်ထားသော သူ့လက်တွေကိုလည်း တွန်းဖယ်ပစ်လိုက်ပြီး ရုန်းထွက်ဖို့ကြိုးစားလိုက်၏။ သို့သော် သူက လွှတ်မပေးသည့်အပြင် ယခင်ကထက်ပင် ပိုပြီး အားထည့်ကာ ဆုပ်ကိုင်ထားသည်။

"ကုကု..."

မေမေ့အသံက အဆပေါင်းများစွာ တုန်ခါနေခဲ့ကာ နှုတ်ခမ်းလွှာများက ရှေ့ဆက်ပြောဖို့ အတော်အားယူနေရသည်။ ကျွန်တော့်ကို တစ်လှည့်၊ ဂျောင်ကုကိုတစ်လှည့် ကြည့်နေသည့် မျက်ဝန်းများက မယုံကြည်နိုင်မှုပေါင်း ေမြာက်များစွာဖြင့်။

ထိုနေရာမှာတင် ကျွန်တော့်တစ်ကိုယ်လုံး အငွေ့ပျံပြီး ပျောက်ကွယ်သွားချင်တော့သည်။ သတ္တိမရှိဘူးပဲပြောပြော တွေဝေတတ်တဲ့သူလို့ပဲ အပြစ်တင်တင်, ထိုအခိုက်အတန့်ကို ကျွန်တော်ရင်မဆိုင်ရဲ။ မြေလျှိုးမိုးပျံပြီး ပျောက်ကွယ်လို့ရရင်လည်း အကောင်းသား။

"ဒါ...ဒါ...အမှန် မဟုတ်ဘူးလို့ ပြောလိုက်စမ်းပါ"

"အမှန်ပါ မေမေ"

"ဘာ"

ထိုအသံက မေမေ့အသံမဟုတ်။ အခန်းဝမှာ ကျောက်ရုပ် တစ်ရုပ်လို အတောင့်လိုက်ကြီး ရပ်နေသော ဖေဖေ့ဆီမှ ဖြစ်သည်။ လွန်ခဲ့တဲ့နှစ်၂၀​ေကျာ်လုံး ကျွန်တော် မမြင်ဖူးခဲ့သော ဖေဖေ့မျက်နှာရှိ ခက်ထန်မှုများက အားပြင်းသော မုန်တိုင်းတစ်ခုနှယ်။

"ဂျွန် ဂျောင် ကု"

ဖေဖေ့အသံက တစ်ခန်းလုံးကို ဟိန်းထွက်သွားသည်။ ကျွန်တော့်တစ်ကိုယ်လုံး ဆတ်ကနဲ လန့်သွားတာတောင် ဂျောင်ကုက မည်သို့မှ တုန်လှုပ်ဟန်မပြ။ဖေဖေ့ မျက်နှာကို မျက်တောင်တစ်ချက်မခတ်ဘဲ ပြန်ကြည့်သည်။

HYUNG?  NOT.... || JINKOOK ✔︎Where stories live. Discover now